အောင်မြတ်သာနှင့်ယောနယ်ကစောမယ်
အောင်မြတ်သာနှင့်ယောနယ်ကစောမယ် အောင်မြတ်သာနှင့်သက်ခိုင်တို့ ဆရာတပည့် နှစ်ယောက် ယောနယ်ဘက်သို့ ခြေဆန့်ခဲ့ကြသည်။ သစ်တောတွေ တောင်တန်းတွေနဲ့ စိမ်းလန်း သာယာနေတဲ့ ယောနယ်လေးက တကယ့်သဘာဝ အလှတရားတွေစုပေါင်းထားသည့်အလား သာယာ လှပနေပေသည်။ ထိုအလှတရား၏ နောက်ကွယ်တွင်မှာမူ လွန်စွာ ထူးဆန်းကြောက်ရွံ့ဖွယ်ကောင်းသူတို့ စုစည်းထား တာကို ဘယ်သူသိနိုင်မည်နည်း... ....... ဆရာ ဒီနယ်က အောက်လမ်းပညာသည်တွေ.အများစုနေထိုင်ကြတယ်လို့ ပြောကြတယ် ဒါပေမယ့် သဘာဝရှုခင်းတွေကတော့ အရမ်းကို.လှတယ်နော်.. အိမ်း ဘယ်အရာမဆို အဆိုးနဲ့အကောင်းဆိုတာ ဒွန်တွဲနေတယ် အခုလဲ အလှအပတရားတွေက ငါတို့တွေကို ကြိုဆိုနေသကဲ့သို့ အကြောက်တရားတွေကလဲ.ငါတို့ကို စောင့်ကြိုနေတယ် သက်ခိုင်.. ...... ဆရာ ကျွန်တော်တို့ ဘယ်ရွာကို ခရီးဆက်မှာလဲ အခုငါတို့လာတဲ့ ရည်ရွယ်ချက်က စောမယ်ဆိုတဲ့ အမျိုးသမီးကို အကျွတ်တရားရအောင် ဆုံးမဖို့ပဲ ဒီပြိုင်ပွဲမှာ မင်းမတွေ့ဖူးသေးတဲ့ ပညာရပ်တွေ တွေ့ရလိမ့်မယ်။ မင်းအနေနဲ့ အတွေ့အကြုံယူပြီး သတ္တဝါတွေကို.ကယ်တင်နိုင်ပ...