ရွှေပြည်တော်သို့အဝင်(အပိုင်း ၂)
ရွှေပြည်တော်သို့အဝင်(အပိုင်း ၂)
မောင်ဒီပမှ အိမ်မက်ထဲတွင် ကျွန်ုပ်အားလာရောက်ပြောပြသည့် အကြောင်းအရာအား ဆီလျော်စွာပြန်လည်ရေးသားထားခြင်းဖြစ်ပါသည်။
....
....
ကျွန်တော်မွေးဖွားတဲ့အချိန်က မိုးတွေသဲသဲမဲမဲ ရွာသွန်းနေတဲ့ မိုးတွင်းဘက်ကြီးပေါ့။
ကျွန်တော်မွေးလာတော့ အိမ်ပတ်ဝန်းကျင်ကခွေးတွေ၊ ကြောင်တွေ၊ ကျီးကန်းတွေ၊.ခိုတွေအားလုံး အိမ်မ်ရှေ့ကိုရောက်လာကြတယ်။
သူတို့တွေက.ငြိမ်သက်ပြီး ကျွန်တော်မွေးပြီးတဲ့အချိန်ထိ စောင့်နေကြတယ်။
တစ်ကောင်မှအသံမထွက် မာန်မဖီပဲ စည်းကမ်းရှိစွာနေကြတာကို လူတွေအားလုံးအံ့အားသင့်ခဲ့ကြတယ်။
အဖေကတော့ ဒီကလေးက လူထူးဆန်းလေးပဲလို့ ပြောစမတ်ပြုခဲ့တယ်။
ကျွန်တော်မွေးဖွားပြီး ၄လလောက်မှာ အဖေကပိုးထိပြီးဆုံးတယ်။
၈လလောက်အရောက်မှာ အမေလဲ ပိုးထိပြီးဆုံးသွားတယ်။
ကျွန်တော်ကို.အဖေညီဖြစ်သူက မွေးစားခဲ့တယ်။
ဦးလေးဖြစ်သူရဲ့ အိမ်မှာနေရတဲ့အချိန်တွေက ကျွန်တော်အတွက် စိတ်ဆင်းရဲစရာ.အကောင်းဆုံး အချိန်တွေဖြစ်ခဲ့ရတယ်။
ဒီပ ဟေ့ကောင် လာစမ်း
ဒီမှာ ရေခပ်ထည့်ခိုင်းထားတာ ဘာလို့မဖြည့်သေးတာလဲ
ကျွန်တော် နေမကောင်းဖြစ်ချင်နေလို့ပါ
မနေ့ကလဲ ရေဆွဲထားတော့ ကိုယ်လက်တွေ ကိုက်နေလို့ပါ။
ထိုစဉ် လက်ပြန်တစ်ချက်က ကျွန်တော့်ပါးပေါ် ကျလာတယ်။
ဖြောင်း....
လူကလည်ထွက်သွားပြီး
မြေကြီးနဲ့ခေါင်းမိတ်ဆက်သွားတယ်။
ဟေ့ကောင် ဂြိုလ်ကောင်
မင်းမလုပ်နိုင်ရင် အိမ်ကထွက်သွား
မင်းကိုမွေးလို့ ငါ့အကိုနဲ့ ငါ့မရီးလဲ.သေခဲ့ရပြီးပြီ
မင်းကိုကျွေးမွေးချင်လို့ ကျွေးမွေးထားတယ်များ ထင်နေတာလား
မကောင်းတတ်လို့ကွ သိလား
ပတ်ဝန်းကျင်က လူတွေပြောမှာစိုးလို့ မွေးထားတာ
အလုပ်မလုပ်ရင်.ထမင်းစားဖို့မစဉ်းစားနဲ့
ဦးလေးဖြစ်သူရဲ့ စကားလုံးတွေအောက်မှာ ဒီပတစ်ယောက် ငိုကြွေးရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပေ။
တစ်နေ့မှာဒီကထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။
ဒီပစိတ်ညစ်ရင် သူ့အနားမှာရှိတာဆိုလို့ အိမ်မှာမွေးထားတဲ့ ကြောင်လေးတစ်ကောင်ပဲရှိတယ်။
ဦးလေးဖြစ်သူရဲ့ နှိပ်စက်မှုတွေက တစ်ကြောင်း
ဦးလေးရဲ့သားဖြစ်သူ ခင်မောင်ရဲ့ အနိုင်ကျင့်မှုတွေက တစ်ကြောင်း
ဒီပါရဲ့တစ်ဝမ်းကွဲ အကိုဖြစ်သူ ခင်မောင်က ဒီပါထက် ၂နှစ်ကြီးတယ်။
ဒီပက အသက်၁၁နှစ်
ခင်မောင်က အသက်၁၃နှစ်
တစ်ရက်မှာ ခင်မောင်ဆော့ရာကနေ အိမ်ကိုရေးကြီးသုတ်ပြာပြန်ရောက်လာတယ်။
ခဏနေတော့ ဦးလေးဖြစ်သူက ဒီပကို
မင်း ငါ့နောက်လိုက်ခဲ့ဆိုပြီး ခေါ်သွားခဲ့တယ်။
ဒီပလိုက်သွားတော့
မင်း ငါ့ပြောတာသေချာနားထောင်
အခု ခင်မောင် ကစားရင်း ကလေးတစ်ယောက်ကို တွန်းမိလို့ နောက်စေ့နဲ့ အုတ်ခဲရိုက်မိပြီး သေမလားရှင်းမလားမသိဘူး။
တကယ်လို့ အဲဒီကလေးသေခဲ့ရင်
မင်းလုပ်တာလို့ပြော
မင်းကိုကျွေးမွေးလာခဲ့တာကို ကျေးဇူးပြန်ဆပ်ဖို့ အချိန်တန်ပီ
ထိုသို့ပြောတော့မှ ဒီပ သဘောပေါက်သွားတယ်။
ထို့နောက် ပြုံးပြလိုက်ပြီး
ကျွန်တော်ပြောပါ့မယ်
ကျွန်တော်အဲဒီအမှုနဲ့ထောင်၅နှစ်ကျသွားတယ်။
ထောင်ထဲရောက်တော့ ဘယ်သူနဲ့မှမရောပဲ တစ်ယောက်ထဲပဲ.နေခဲ့တယ်။
ထောင်ကျနေတဲ့ ကလေးတွေအားလုံးကလဲ ကျွန်တော့်ကို ချစ်ကြတယ်။
ထိုစဉ်အထိ သာမန်လူတစ်ယောက်လိုပဲ နေထိုင်ခဲ့ရတယ်။
တစ်နေ့မှာ ဟေ့ကောင် ဒီပ ထစမ်း
ထစမ်းကွာ မင်းကဒီလိုနေရမယ့် ကောင်မဟုတ်ဘူး
မြန်မြန်ထ
ခေါ်သံကြောင့် ကျွန်တော် လန့်နိုးလာတယ်
ကြည့်လိုက်တော့ ကျွန်တော်နဲ့ချွတ်စွပ်တူတဲ့ ဒီပ နောက်တစ်ယောက်
မင်း.. မင်းက ဘယ်သူလဲ
ငါလား ငါလဲ ဒီပ ပဲလေ
မင်းလဲဒီပ ငါလဲဒီပပဲ
မင်းရဲ့အနာဂတ်ကိုလမ်းပြပေးမယ့် ဒီပပေါ့ကွာ
ဟားဟားဟား
ဟေ့ကောင် မင်းကဒီထောင်ထဲ ဘယ်လိုဝင်လာတာလဲ။
ထောင်ပိုင်တွေသိရင် မင်းအဖမ်းခံရမယ်နော်
ငါ့ကိုဘယ်သူမှဖမ်းလို့မရဘူးကွ
ငါ့ကိုလဲဘယ်သူမှမမြင်ဘူး
မင်းတစ်ယောက်ထဲမြင်မှာ
မင်းကသာမန်လူတစ်ယောက်မဟုတ်ဘူးဒီပ
လူသားတွေရဲ့အကျိုးကို ဆောင်ရမယ့် ဒီပပဲ
မဖြစ်နိုင်တာဗျာ အခုတောင် ထောင်ထဲရောက်နေတာ ဘယ်လိုလူသားအကျိုးကိုဆောင်ရမှာလဲ
ဒီအတိုင်းတော့ဘယ်ရမလဲ
မင်းကျင့်ရမှာပေါ့
ဘယ်လိုကျင့်ရမှာလဲ
အဲလိုကျင့်ရင်ရော ဘာတွေရမလဲ
အရင်ဆုံး ငါပြောတဲ့ ကျင့်စဉ်ကို အရင်ကျင့်
အဲဒါကို၄၉ရက်တိတိကျင့်ပြီးတဲ့အခါ ဘာထူးခြားလာလဲ မင်းသိရလိမ့်မယ်
ဟုတ်ပီလေ
ဒါဆို.မင်းပြောကြည့်
ငါဘယ်လိုလုပ်ရမလဲ
မင်းအနေနဲ့ ၄၉ရက်တိတိ ဘယ်သူနဲ့မှ စကားမပြောရဘူး
အင်းကအရင်စကားစပြောလို့မရတာ
သူတို့လာပြောရင်.လိုအပ်သလောက်ဖြေခွင့်ရှိတယ်
နောက်တော့ မင်းက သစ်ရွက်တွေနဲ့ စကားပြောရမယ်။
ပါးစပ်ကနေတော့မဟုတ်ဘူး
စိတ်ထဲကနေပြောရမှာ
ငါကဘာပြောရမှာလဲ
မင်းစိတ်ထဲကနေပြောရမှာက
သစ်ရွက်ကလေးတွေ ငါ့အနားလာ
သစ်ရွက်ကလေးတွေ ငါ့အနားလာ
သစ်ရွက်ကလေးတွေ ငါ့အနားလာဆိုပြီး
စိတ်ထဲကနေ ပြောရမှာ
မင်းပြောနေတဲ့အချိန်မှာ စိတ်ကသစ်ရွက်တွေပေါ်မှာပဲ ရှိရမယ်။
တစ်ခြားကိုရောက်ရင် အစကပြန်စ
မင်းကြိုးစားကြည့်ပေါ့
၄၉ရက်ပြည့်တဲ့နေ့မှာ အောင်မြင်ရင်
မင်းဆီကို သစ်ရွက်ကလေးတွေ လေပေါ်ကနေ ပျံပြီးလာလိမ့်မယ်
ငါလဲမင်းအောင်မြင်တဲ့တစ်နေ့ ပြန်လာမယ်
မနက်ဖြန်ကစပြီး မင်းစကျင့်လို့ရပီ
....
ဟေ့ ဟေ့လူ
ဒီပ တစ်ယောက်လန့်နိုးလာတယ်
ခုနကလာပြောသွားတာ အိမ်မက်ထဲမှာပါလား
ထူးဆန်းတာတော့အမှန်
ဘာပဲဖြစ်ဖြစ် သူပြောတာဟုတ်မဟုတ် စမ်းကြည့်ရမှာပဲ
နောက်နေ့မနက် အားလပ်ချိန်မှာ ကျွန်တော်ထောင်ဝင်းထဲက ညောင်ပင်ရှိရာ အောက်ကို ထွက်လာခဲ့လိုက်တယ်။
အိမ်မက်ထဲက ဒီပပြောသလို
ကြွေကျနေတဲ့သစ်ရွက်ကလေးတွေကို အာရုံစိုက်ရင်း စိတ်ထဲကနေ ရွတ်နေလိုက်တယ်။
အာရုံစိုက်ထားရင်း တစ်ခါတစ်ရံ စိတ်က ဦးလေးအိမ်ရောက်လိုရောက်..
တစ်ခြားနေရာရောက်လိုရောက်နဲ့ အင်မတန်ထိန်းရခက်ခဲ့တယ်။
ချွေးသီးချွေးပေါက်ကျတဲ့အထိ စိတ်ကိုချုပ်တီးခဲ့ရတယ်။
ပထမတစ်ရက်က ဘာမှမရေရာမသေချာပဲ အားလပ်ချိန်ကုန်ဆုံးခဲ့တယ်။
ဒုတိယ၊ တတိယ၊ စတုတ္တရက်တွေမှာလဲ ဒီတိုင်းပဲ
၆ရက်မြောက်နေ့မှာ စိတ်အနည်းငယ်တည်ငြိမ်လာတယ်။
၁၅ရက်လောက်အရောက်မှာတော့ စိတ်ထဲကနေခေါ်လိုက်ရုံဖြင့် ကြွေကျနေတဲ့ သစ်ရွက်ကလေးတွေက အနည်းငယ်လှုပ်ရမ်းလာတာကို သတိထားမိလိုက်တယ်။
ကျွန်တော် အားတက်သွားပီ
နောက်ရက်တွေ ထပ်ကျင့်တယ်
ရက်၃၀လောက်မှာ သစ်ရွက်တွေလေထဲ.အနည်းငယ့်ကြွလာသလို ခံစားလိုက်ရတယ်။
၄၉ရက်အရောက်မှာတော့
လက်ကိုလေဝဲဝှေ့ယမ်းပြီး ခေါ်လိုက်ရုံဖြင့် သစ်ရွက်တွေက.လေထဲဝေ့လာသလို ကျွန်တော့်အရှေ့ကို ရောက်လာတာပဲ။
ထိုနေ့ညမှာတော့
အိမ်က်ထဲကဒီပ ထပ်ရောက်လာတယ်
ဟားဟားဟား
ဟေ့ကောင်.ငပေါဒီပ
မင်းကိုယ်မင်းအထင်မကြီးနေနဲ့
ဒါက ကလေးအဆင့်ပဲရှိသေးတယ်
မင်းပုံစံက တကယ့်တန်ခိုးရှင်လို မာန်တက်နေတဲ့ပုံဖြစ်နေတယ်ကွ။
အခုတစ်ခေါက်လုပ်ရမှာက
လေဟာနယ်ထဲမှာရှိတဲ့ ဘာမှမရှိတဲ့အစွမ်းကို ယူရမယ်
လုပ်ပုံလုပ်နည်းက မင်းကိုမင်း လေဟာနယ်ထဲရောက်နေသလို ခံစားရမယ်။
လေထုထဲမှာလွင့်မျောပြီး လေဟာနယ်ထဲမှာရှိတဲ့ သဘာဝစွမ်းအားတွေကိုစုစည်းရမယ်။
မင်းမြင်တဲ့စွမ်းအားတွေကို မင်းကိုယ်ထဲထည့်ရမယ်
အဲဒီကျင့်စဉ်ကို မင်း၎လတိတိကျင့်ရမယ်
မင်းကျင့်စဉ်အောင်မြင်ရင် ငါပြန်လာမယ်
....
ဒီပလဲ နောက်နေ့ကစပြီး အိမ်မက်ထဲကအတိုင်း ကျင့်ဖို့ကြိုးစားတော့တယ်။
ရောက်တဲ့နေရာမှာ လက်နှစ်ဖက်ကိုဆန့်တန်းပြီး လူကိုလေထဲလွှတ်ထုတ်လိုက်တယ်။
ပထမဆုံးမှာတော့ လေဟာနယ်အမှောင်ထုကြီးကိုပဲမင်နေရတယ်။
လူကလဲ ထိုင်နေရင် ထိုင်နေတာပဲခံစားရတယ်။
၁လလောက်မှာ လေဟာနယ်ထဲလွင့်မျောသလိုစတင်ခံစားလာရတယ်။
လေဟာနယ်ထဲလွင့်နေရင်း အလင်းစတစ်ခုကို ဖြတ်ခနဲတွေ့လိုက်ရတယ်။
ထိုအလင်းစနောက်ကို ကျွန်တော်လိုက်တယ်။
လိုက်လေ အလင်းစကဝေးလေပဲ။
လေဟာနယ်အမှောင်ထုထဲမှာ အလင်းစတစ်ခုကိုတွေ့တော့ အားတက်ပြီး ထပ်လိုက်တယ်။
ဘယ်လိုလိုက်လိုက် အလင်းစကိုမမှီဘူး။
ကျွန်တော်စိတ်ဓာတ်တော်တော်ကျသွားတယ်။
နောက်ရက်တွေမှာလဲ အလင်းစက လာလာပြတယ်။
လိုက်ရင် ပြေးတယ်။
၂လလောက်အရောက်မှာ ထိုအလင်းစနောက်လိုက်နေတာကနေ ရပ်လိုက်တယ်။
ကျွန်တော့်ရဲ့ပထမကျင့်စဉ်ကိုသတိရပြီး
အလင်းစကို ကျွန်တော်ထံခေါ်ယူဖို့ စိတ်ကူးလိုက်တယ်
လေဟာနယ်ထဲထိုင်ပြီး အလင်းစကို ခေါ်တဲ့ ကျင့်စဉ်ကို အသုံးပြုလိုက်တယ်။
ကျွန်တော်မလိုက်တော့ အလင်းစက မပြေးတော့ဘူး
ငြိမ်သွားတယ်။ ထိုအချိန်မှာ စိတ်ထဲကနေ
အလင်းစလေး ငါ့ဆီလာ
အလင်းစလေး ငါ့ဆီလာ
အလင်းစလေး ငါ့ဆီလာဆိုတဲ့စကားကိုပဲ စိတ်ထဲကနေ အာရုံစိုက်ပြီးပြောနေလိုက်တယ်။
ထိုသို့ပြောလိုက်ရင်ဖြင့် ကျွန်တော်လိုက်နေတဲ့ အလင်းစက မလှုပ်မယှက်ပဲ ငြိမ်သက်သွားတာတွေ့ရတယ်။
ကျွန်တော်လဲအားတက်သွားပြီး စိတ်ထဲကနေလေးလေးနက်နက် ခေါ်ယူနေလိုက်မိတယ်။
ထိုသို့ခေါ်ယူလိုက်တယ်ဆိုရင်ပဲ အလင်းစလေးက ကျွန်တော်အနားရောက်လာပြီး ကျွန်တော်ရဲ့ တတိယမျက်လုံးဟုခေါ်သော မျက်လုံးနှစ်လုံးကြား နေရာသို့ ဖြတ်ခနဲတိုးဝင်သွားတယ်။
ပထမအလင်းစက်ကလေးကို ဖမ်းမိတယ်ဆိုရင်ဖြင့် နောက်ထပ်အလင်းစက် ၃စက်က ထပ်ပေါ်လာခဲ့တယ်။
ထိုနေ့ညက အလင်းစက်များကို ကျွန်တော်ထံခေါ်ယူသောကျင့်စဉ်ဖြင့် သိမ်းဆည်းနိုင်ခဲ့လေသည်။
နောက်နေ့တွင်မူကား.လေဟာနယ်ထဲမှာရှိတဲ့ အလင်းစက်ပေါင်းမျာစွာကို ဖမ်းယူသိမ်းဆည်းနိုင်ခဲ့ပြီး ထိုကျင့်စဉ်ကိုလဲ အောင်မြင်ခဲ့လေသည်။
ထိုအချိန်ကား.ကျွန်တော့်အသက်၁၅နှစ်ဝန်းကျင်သာရှိသေးပါတော့သည်။
အပိုင်း(၃)ဆက်လက်ဖတ်ရှုပါရန်
ဇေယန(ရာမည)

Comments
Post a Comment