အောင်မြတ်သာနှင့်ယောနယ်ကစောမယ်
အောင်မြတ်သာနှင့်ယောနယ်ကစောမယ်
အောင်မြတ်သာနှင့်သက်ခိုင်တို့ ဆရာတပည့် နှစ်ယောက် ယောနယ်ဘက်သို့ ခြေဆန့်ခဲ့ကြသည်။
သစ်တောတွေ တောင်တန်းတွေနဲ့ စိမ်းလန်း သာယာနေတဲ့ ယောနယ်လေးက တကယ့်သဘာဝ အလှတရားတွေစုပေါင်းထားသည့်အလား သာယာ လှပနေပေသည်။
ထိုအလှတရား၏ နောက်ကွယ်တွင်မှာမူ လွန်စွာ ထူးဆန်းကြောက်ရွံ့ဖွယ်ကောင်းသူတို့ စုစည်းထား တာကို ဘယ်သူသိနိုင်မည်နည်း...
.......
ဆရာ ဒီနယ်က အောက်လမ်းပညာသည်တွေ.အများစုနေထိုင်ကြတယ်လို့ ပြောကြတယ်
ဒါပေမယ့် သဘာဝရှုခင်းတွေကတော့ အရမ်းကို.လှတယ်နော်..
အိမ်း ဘယ်အရာမဆို အဆိုးနဲ့အကောင်းဆိုတာ ဒွန်တွဲနေတယ်
အခုလဲ အလှအပတရားတွေက ငါတို့တွေကို ကြိုဆိုနေသကဲ့သို့ အကြောက်တရားတွေကလဲ.ငါတို့ကို စောင့်ကြိုနေတယ် သက်ခိုင်..
......
ဆရာ ကျွန်တော်တို့ ဘယ်ရွာကို ခရီးဆက်မှာလဲ
အခုငါတို့လာတဲ့ ရည်ရွယ်ချက်က စောမယ်ဆိုတဲ့ အမျိုးသမီးကို အကျွတ်တရားရအောင် ဆုံးမဖို့ပဲ
ဒီပြိုင်ပွဲမှာ မင်းမတွေ့ဖူးသေးတဲ့ ပညာရပ်တွေ တွေ့ရလိမ့်မယ်။
မင်းအနေနဲ့ အတွေ့အကြုံယူပြီး သတ္တဝါတွေကို.ကယ်တင်နိုင်ပါစေ
ကဲ. ငါတို့အခု ထနွမ်းရွာကို သွားရမယ်
အချိန်လဲ လင့်နေပီ
ရွာကို ညနေမစောင်းခင်ရောက်ဖို့လိုတယ်
ခရီးဆက်ကြစို့ ....
......
ဆရာတပည့်နှစ်ယောက် ခရီးဆက်လာခဲ့ရာ ညနေနေဝင်ရီတရောအချိန်လောက်မှာ ထနွမ်းရွာ အဝင်သို့ရောက်လာခဲ့တယ်။
ရွာထဲသို့မဝင်တော့ပဲ ရွာထိပ်က ဇရပ်ပျက်လေးမှာ ခဏထိုင်နေရင်း...
ချလွမ် ချလွမ် ချလွမ်
ခလောက် ခလောက် ခလောက်
နွားလှည်းတစ်စီးက ရွာထဲသို့ ဖြေးဖြေးချင်း ဝင်လာနေတာ တွေ့လိုက်ရတယ်။
ထိုနွားလှည်းက ဇရပ်ပျက်နားရောက်ခါနီးမှာ တုံ့ခနဲ ရပ်သွားပြီး.လှည်းပေါ်ကနေ လူလတ်ပိုင်းယောင်္ကျားတစ်ယောက် ခုန်ဆင်းလာတယ်။
.....
ဟေ့ ဇရပ်ပေါ်မှာ.ဘယ်သူတွေလဲ
ကျွန်တော်တို့က.ခရီးသွားတွေပါလို့ သက်ခိုင်က.လှမ်းပြောလိုက်တယ်။
ထိုအခါ လှည်းပေါ်ကလူက ..
မိတ်ဆွေတို့ ဒီမှာညဘက်တည်းမလို့လား
ဒီမှာတော့မတည်းပါနဲ့ဗျာ
ကျုပ်နဲ့လိုက်ခဲ့ပါ
အိမ်မှာက.ကျူပ်ရယ်.အဘရယ်ပဲ နေတာ
မိတ်ဆွေတို့အတွက် ကျောတစ်ခင်းစာတော့ ရနိုင်ပါတယ်ဗျ
......
ဟာ.ဒါဆို အဆင်သင့်လိုက်လေဗျာ
ဆရာ.. လှည်းပေါ်တက်လေ
ထိုအခါ.အောင်မြတ်သာက တစ်ချက်ပြုံးလိုက်ပြီး
ကဲဗျာ ခုလိုတကူးတက ဖိတ်တာကိုပဲ.ကျေးဇူးတင်ပါတယ်။
ဆရာတပည့်နှစ်ယောက်.လှည်းပေါ်တက်ပြီး.ရွာထဲသို့.လိုက်ခဲ့လေတော့သည်။
......
အဘရေ..
အဘ
ဒီမှာ ဧည့်သည်တွေပါလာတယ်
နေစရာလုပ်ပေးပါဦး
.....
ထိုအခါ.အိမ်ထဲက.တုန်ချိချိနဲ့.အဖိုးအိုတစ်ယောက် ထွက်လာတယ်။
အင်း.လာကြ.လာကြ
ရေမိုးချိုးလိုက်ပါဦး
ခရီးပန်းလာတော့ ပင်ပန်းနေရောပေါ့
....
အောင်မြတ်သာနဲ့ သက်ခိုင်လဲ ရေမိုးချိုးလိုက်တော့ လန်းဆန်းသွားတယ်။
မိတ်ဆွေတို့ ထမင်းစားရအောင်
ထမင်းဝိုင်းပြင်ထားပီးပီ...
အိမ်ရှင်အဖိုးအိုရဲ့ခေါ်သံကြောင့် သက်ခိုင် အိမ်ရှေ့ကိုထွက်ခဲ့လိုက်တယ်။
ထွက်လာနေရင်း
ဆရာ ဒီကအိမ်ရှင်တွေက သဘောကောင်းတယ်နော်..
ထိုအခါ.အောင်မြတ်သာက မဆိုစလောက်လေး.ပြုံးလိုက်ပီး.
ခဏနေသိမှာ သက်ခိုင်ရာ ..
.....
သက်ခိုင် ထမင်းဝိုင်းမှာ ထိုင်လိုက်ပြီး
ဆရာစားဆိုပြီး.ဝက်သားတုံးတစ်တုံး.ခပ်ဖို့အလုပ်
ခဏလေး.သက်ခိုင်..
ထိုအခါ အိမ်ရှင်အဖိုးကြီး မျက်နှာကွက်ခနဲ.ပျက်သွားတယ်။
ဘာဖြစ်လို့လဲ ဆရာ..
ဒါက ဝက်သားမဟုတ်ဘူး
ဗျာ.. ဒါက.ဝက်သားမဟုတ်ဘူး ဟုတ်လားဆရာ
ဟုတ်တယ်.. မင်းယုံအောင်သက်သေပြမယ်
အောင်မြတ်သာလဲ ဟင်းခွက်တွေ.အားလုံးကို.လက်ဖဝါးနဲ့ သပ်ချလိုက်ရော..
ဝက်သားဟင်းက နွားချေးတွေဖြစ်ကုန်တယ်။
ထမင်းတွေကလဲ ကျောက်စရစ်ခဲတွေဖြစ်ကုန်တယ်။
အလိုလေး.. တော်သေးတာပေါ့ဆရာ
နောက်ဆို ကျွန်တော်စားမိတော့မလို့
......
အိမ်ရှင်သားအဖနှစ်ယောက်က မျက်စိမျက်နှာပျက် ဖြစ်နေတယ်။
ထိုအခါ.အောင်မြတ်သာက.အဘတို့ကျုပ်တို့ကို.ပညာစမ်းမယ်ဆိုတာ.ဒီရွာထိပ်မှာထဲက.သိပါတယ်။
ဒါကြောင့်လဲ ရွာထဲကို တကူးတက.လာခေါ်သွားတာပေါ့။
အဘတို့ဆီမှာ နွားလဲမရှိပဲ.ဘာလို့လှည်းပေါ်ဆင်ထားရတာတုန်း။
.......
ဆရာ ကျွန်တော်တို့ ရွာထဲဝင်လာတုန်းက နွားလှည်းနဲ့လေဆရာ
သက်ခိုင် မင်းက အရာရာကို အယုံလွယ်တာကိုး
မင်းစိတ်ထဲက.တကယ်နွားထင်နေတယ်မဟုတ်လား..
အခု.မင်းစိတ်တည်ငြိမ်အောင် စုစည်းပြီး လှည်းမှာဆွဲထားတာ ဘာလဲ သွားကြည့်..
သက်ခိုင်လဲ သာမန်အတွေးကိုဘေးဖယ်ပြီး အာရုံစုစည်းကာ နွားလှည်းကိုကြည့်လိုက်တော့..
နွားနေရာမှာ နွားမဟုတ်တော့ဘူး
ကောက်ရိုးတွေကို နွားပုံစံထုံးထားတာကိုး
ကောက်ရိုးတွေကိုတောင်.နွားပုံစံပြောင်းနိုင်တယ် ဆိုထဲက.သာမန်ပညာသည်မဟုတ်ဘူးဆိုတာ သက်ခိုင်ရိပ်မိလိုက်တယ်။
အိမ်ထဲပြန်ဝင်လာတော့
ကဲ သက်ခိုင်ရေ
ဒီက သားအဖက တို့ကိုပညာစမ်းတာကို ပြန်တောင်းပန်နေတယ်။
.....
ဟုတ်ပါတယ် ဆရာတို့ရယ်
ကျွန်တော်တို့က ကျီစားမိတာပါ
ဆရာတို့ ပညာစွမ်းမယ်မှန်းလဲမသိပါဘူး
အခု ဆရာတို့စားဖို့ သေချာပြင်ပေးပါ့မယ်ဆိုပြီး.အိမ်နောက်ဖေးဝင်သွားပြီး ခဏနေတော့ ဟင်းပွဲတွေ.ယူချလာပြီး..
ဆရာတို့ စိတ်တိုင်းကျသုံးဆောင်လို့ရပါပီ
ဒီတစ်ခါ စေတနာအမှန်နဲ့ ကျွေးတာပါ။
မနက်က ကျုပ်တောထဲကခူးလာတဲ့ အသီးအရွက်လေးတွေကိုကြော်ထားတာပါ။
အသားဟင်းဆိုတာ.ကျုပ်တို့မစားနိုင်ပါဘူးဗျာ
ဒါလေးနဲ့ ဧည့်ခံပါရစေ
.....
ထိုအခါ.အောင်မြတ်သာက.အသီးအရွက်ကြော်နဲ့ ထမင်းကို.မြိန်ယှက်စွာစားလေတော့သည်။
အဲတော့မှ သက်ခိုင်လဲ စိတ်ချလက်ချ စားရတော့သည်။
.....
စားသောက်ပြီးတော့ ..
စကားစမြည်ပြောဖို့ အိမ်ရှေ့ကွပ်ပြစ်ကို.ထွကိလာခဲ့လိုက်တယ်။
ညကား.လရောင်ကြောင့် လင်းထိန်နေတယ်။
ထိုစဉ် အနောက်ဘက် တောစပ်အပေါ်ကို မီးလုံးတစ်လုံး ပျံတက်လာတယ်။
သက်ခိုင် .. အောင်မြတ်သာကို ကြည့်လိုက်တော့ ထိုမီးလုံးကို အောင်မြတ်သာ စိုက်ကြည့်နေတာ တွေ့လိုက်တယ်။
မီးလုံးက တစ်ဖြေးဖြေးနဲ့ ကြီးလာခဲ့တယ်။
ထိုစဉ်.နောက်မီးလုံးတစ်လုံး.ပထမမီးလုံးနဲ့ ဘေးချင်းယှဉ် တက်လာတယ်။
မီးလုံးနှစ်လုံးက လေထဲမှာ.ပျံဝဲနေတယ်။
.....
သားအဖနှစ်ယောက်ကတော့ အထူးအဆန်းမဟုတ်သည့်အလား.ရေနွေးကြမ်းထိုင်သောက်နေတယ်။
သက်ခိုင်က မီးလုံးကိုကြည့်နေရင်း မီးလုံးတစ်လုံးက တစ်ဖြေးဖြေးအရောင်မှိန်လာပြီး နောက်ဆုံး.မြေပေါ်သို့ပြုတ်ကျသွားတာတွေ့လိုက်ရတယ်။
မီးလုံးတစ်လုံးကတော့ ကောင်းကင်ထက်မှာ နီရဲလင်းထိန်ပြီး ဝေ့ကာဝိုက်ကာ လှည့်ပတ်နေတုန်း
ထိုအခါ အောင်မြတ်သာက ..
အဲဒီမီးစုန်းက ဘယ်သူလဲ အဖိုး
ထိုအခါ.အိမ်ရှင်အဖိုးက အဲဒါ ဒီနယ်တစ်ဝိုက်မှာ ဘယ်သူမှယှဉ်မနိုင်တဲ့ စောမယ်ပဲ။
ခုနက ရှုံးသွားတဲ့ မီးစုန်းက ဟိုဘက်ရွာက ဖြစ်မယ်
ပညာစမ်းကြရင်း သေပြန်ပီ။
......
အောင်မြတ်သာက..အိမ်ရှင်အဖိုးအား
စောမယ်အကြောင်းလေး ပြောပြပါဦးအဖိုး
စောမယ်က အခုမှ အသက်၂၀ကျော်ပဲရှိသေးတာ
ဒါပေမယ့် ပညာက တော်တော်ရင့်နေပီ
သူ့ကို ဒီနယ်တစ်ဝိုက်မှာ ဘယ်သူမှမယှဉ်နိုင်ဘူး
သူနဲ့ပညာချင်းပြိုင်ရင်း သေခဲ့တဲ့လူ အယောက်၃၀ကျော်နေပီ။
.....
သူက မွေးကထဲက.ပညာပါလာတာ
ဝမ်းတွင်းစုန်းတစ်ယောက်ပဲ
သူရဲ့အမေလဲ ပညာသည်ပဲ
သူမိသားစုအကုန် ပညာသည်တွေပဲ
ဒါပေမယ့် စောမယ်က ပါရမီပါတယ်ပြောရမယ်
မွေးထဲက သူ့အဖိုးက ဗိုက်ထဲထည့်ပေးခဲ့တာ
အဖိုးတို့က ဒီရွာမှာ.ပညာအနိမ့်ဆုံးပဲ
......
ဒါဆို အဲဒီ စောမယ်ဆိုတဲ့ မိန်းကလေးနဲ့ တွေ့လို့ရမလား
ဆရာလေးတို့ရယ် မတွေ့ပါနဲ့လို့ အကြံပေးပါရစေ
စောမယ်က လူငယ်ပေမယ့် အင်မတန်ရက်စက်တာ
ဆရာလေးတို့ အန္တရာယ်ရှိလို့ စိတ်ပူပြီးပြောတာပါ
.....
မစိုးရိမ်ပါနဲ့.အဖိုး
စောမယ်ဆိုတဲ့ အမျိုးသမီးကို နှိပ်ကွပ်ဖို့နဲ့ သူပညာတွေကို လူသတ်တဲ့နေရာမှာ အသုံးမပြုဖို့အတွက် ကျွန်တော်တို့ဒီရောက်လာတာပါ။
ဒီရွာမှာ.ပညာသည်တွေရှိသမျှ အဖိုး ကျုပ်ဆီခေါ်လာခဲ့ပါ။
.....
ကျုပ်ဒီအိမ်ထဲကနေ အပြင်ထွက်တာနဲ့ ကျုပ်ဘယ်သူ ဆိုတာ သူတို့သိစေရမယ်။
မနက်ဖြန် အဖိုး သိတဲ့ ပညာသည်တွေကို ဘာအကြောင်းမှမပြောပဲ အိမ်ခေါ်လာပေးပါ။
အဲဒီပညာသည်တွေ ကျွန်တော့်ကိုတွေ့တာနဲ့ ဘာဆက်ဖြစ်မလဲ အဖိုးကြည့်ပေးပါ။
အဖိုးတို့သားအဖ ယုံကြည်အောင် ကျွန်တော်အစွမ်းကိုပြပါရစေလို့ အောင်မြတ်သာက တောင်းဆိုတော့..
မနက်ဖြန်ခေါ်လာပေးမယ်ဆိုပြီး အဖိုးအိုက ကတိပေးခဲ့တယ်။
.....
နောက်နေ့မနက်ကျတော့...
အဖိုး စံလှ ခေါ်တယ်တဲ့
ဘာအရေးကြီးလဲတော့မသိဘူး
သွားရအောင်...
ရွာထဲက လူအယောက်၂၀ကျော်
အောင်မြတ်သာတို့ တည်းနေတဲ့ အိမ်ရှေ့ရောက်.လာတယ်။
.....
အဖိုးစံလှ
ဘာပြောစရာရှိလို့.ကျုပ်တို့ကိုခေါ်တာလဲ
အော် လူတောင်စုံပြီကိုး
ဘာကိစ္စမှမဟုတ်ပါဘူး
ဒီကဆရာလေးက မင်းတို့ကိုတွေ့ချင်တယ်ဆိုလို့ပါ
....
ဘယ်ကဆရာလေးလဲ
ကျုပ်ပါဗျ..
အိမ်ခန်းလိပ်ကာလေးကို လှပ်ပြီး အိမ်ရှေ့ကို.ထွက်လာခဲ့တဲ့ အောင်မြတ်သာ..
ပိတ်ဖြူစင်ကြယ်နဲ့ ယောဂီလုံချည်ကိုဝတ်ပြီး တစ်လှမ်းချင်းလျောက်လာတဲ့ အောင်မြတ်သာကိုတွေ့တော့
လူထုကြီးက ..
ဟာ ကြည့်စမ်း
ခေါင်းပေါ်မှာ.ရွှေရောင်တွေ တဖိတ်ဖိတ်တောက်နေတာ..
ဘေးပတ်လည်မှာလဲ စမအင်းကွက်တွေ ရွှေရောင်တစ်ဖိတ်ဖိတ်နဲ့ ကာကွယ်ထားတာ
ဒီအင်းကွက်တွေနဲ့ ကျုပ်တို့ထိလို့ကတော့ ငရဲမီးနဲ့ ထိသလိုပူလောင်မိမှာ
အလိုလေး...
ကျုပ်တစ်သက်တစ်ခါမှမမြင်ဖူးတဲ့ ဆရာပါလား
လူအုပ်ကြီးထံမှ အံ့သြတုန်လှုပ်မှုတွေ ထွက်လာတယ်။
.....
အဖိုးစံလှ
ဒီဆရာ က.ကျုပ်တို့ကို ဘာလုပ်ဖို့လဲ
ကျုပ်တို့ သူ့ပညာကိုမနိုင်ဘူး
သူ့ရဲ့အနားတောင်.ကျွန်တော်တို့ကပ်မရဘူး
.....
ထိုအခါအောင်မြတ်သာက
မိတ်ဆွေတို့ကို.ကျုပ်ဘာမှမလုပ်ပါ
ကျုပ်က စောမယ် ဆိုတဲ့ အမျိုးသမီးကို ဆုံးမဖို့ လာခဲ့တာပါ။
ကျုပ်ကို စောမယ်နဲ့ တွေ့ဖို့ သူဘယ်ရောက်နေလဲ သိတဲ့သူရှိရင် ပြောပါ..
.....
စောမယ်က ဟိုရွာအနောက်က တောထဲမှာ တစ်ယောက်ထဲနေတာ
တောအစပ်ကနေ ညာဘက်ချိုးလိုက်
လူသွားလမ်းရှိတယ်
အဲဒီလူသွားလမ်းကနေ တည့်တည့်ဝင်သွားရင်
စောမယ်နေတဲ့ တဲရှိတယ်။
.....
ကျေးဇူးပဲဗျို့
လာ.သက်ခိုင်
ငါတို့အချိန်ကျပီ
....
ဆရာတပည့်နှစ်ယောက် တောထဲဝင်သွားတော့
အနောက်ကနေ လူအုပ်ကြီးက လိုက်လာခဲ့တယ်
တောထဲရောက်တော့ လူသွားလမ်းအတိုင်း.ဝင်လာလိုက်တယ်။
ခြေလှမ်း၁၅ဝလောက်လျောက်ပြီးတဲ့နောက်မှာ
တဲအိမ်တစ်လုံးကို လှမ်းမြင်လိုက်ရတယ်။
.....
တဲအိမ်ရှိတဲ့ နေရာက မြေကွက်လပ်တစ်ခုကြီး
သစ်ရွက်တစ်ရွက်မှမရှိအောင်.ပြောင်သလင်းခါ နေတာတော့.ထူးဆန်းတယ်။
အောင်မြတ်သာလဲ တဲအိမ်စည်းထိပ်အရောက်
တုံ့ခနဲ့ ရပ်လိုက်တယ်
.....
ထို့နောက်
အထက်ဆရာများရဲ့ အမိန့်
ငါအောင်မြတ်သာရဲ့အမိန့်
မည်သူမှ ငါ့အရှေ့ကနေ မတားဆီးရ
တားဆီးပါက မီးလောင်အတိကျစေ ပြာတောင်မကျန်စေရ..လို့အမိန့်ပြန်လိုက်ရော
အောင်မြတ်သာ အရှေ့သစ်ပင်ကနေ အစွယ်အဖွေးသားနဲ့ အမွှေးစုတ်ဖွားနဲ့ အကောင်တစ်ကောင် ဘုတ်ခနဲကျလာပြီး စူးစူးဝါးဝါးအော်ဟစ်ကာ တောထဲဝင်ပြေးသွားတယ်။
......
ထို့နောက်.အောင်မြတ်သာလဲ
တဲအိမ်အရှေ့မှာ ရပ်လိုက်တယ်
စောမယ်
ငါမင်းဆီရောက်ခဲ့ပြီ
ထွက်လာခဲ့ပါ
....
အောင်မြတ်သာ စကားမဆုံးခင်မှာ
ဟား.ဟားဟားဟား
ခြောက်ကပ်ကပ်အသံနဲ့အတူ မိန်းမပျိုတစ်ယောက် လေထဲကနေပျံလာတယ်။
သက်ခိုင်.ကိုယ့်မျက်လုံး.ကိုယ်မယုံနိုင်အောင် ဖြစ်သွားတယ်။
လေပေါ်ပျံတာ ခုထိမမြင်ဖူးဘူး
ဒီမိန်းကလေးက တော်တော်စွမ်းတာပဲလို့ စိတ်ထဲက မှတ်ချက်ချလိုက်တယ်။
.....
ထိုမိန်းကလေးက အောင်မြတ်သာနဲ့ မလှမ်းမကမ်းမှာ ဆင်းလိုက်ပြီး..
ဘာကိစ္စလဲ.
ထိုအခါ အောက်မြတ်သာက
အဓိကကိစ္စကတော့ သင်လူထပ်မသတ်ဖို့ ကတိလာတောင်းတာ
.....
ဟားဟားဟား
သင်ပါ သေချင်နေပီလား
စောမယ်အကြောင်းမသိသေးဘူးထင်တယ်လို့ ပြောပြီး အောင်မြတ်သာဘက်လှည့်လိုက်တယ်။
ဒီတစ်ခါ အံ့သြ သွားတာက သက်ခိုင်..
ဘာလို့ဆိုတော့ စောမယ်ဆိုတဲ့ မိန်းကလေးက တော်တော်ချော တော်တော်လှတာကိုး
နှာတံလေးကဖြောင့်စင်းနေပြီး
ညီညချောမွတ်နေတဲ့ ပါးနှစ်ဖက်
အချိုးအစားကျတဲ့ ကိုယ်လုံးနဲ့
ဘယ်လိုမှ မထင်ထားတဲ့အခြေအနေကို ကြုံတွေ့လိုက်ရတော့ သက်ခိုင် အံ့သြ သွားခဲ့တယ်။
.....
အောင်မြတ်သာကတော့ ကျုပ်တို့ အပေးအယူ တစ်ခုလုပ်ရအောင်
ဒီက မိန်းကလေး ကျုပ်ကို နိုင်အောင်တိုက်နိုင်ရင်
ကျုပ်အသေခံမယ်။
ဒါပေမယ့် ကျုပ်နိုင်ရင်တော့ မိန်းကလေးကျုပ်တိုက်တဲ့ သစ္စာရေကို သောက်ရမယ်။
ဘယ်လိုလဲ စိန်ခေါ်ကြေးကိုလက်ခံလား
......
အဟားအဟား
စောမယ်.ဘဝမှာ ဘယ်စိန်ခေါ်မှုကိုမှ မငြင်းခဲ့ဘူး
ဒီမယ် ဆရာလေးတို့
ဆရာလေးကလဲ ရုပ်တော်တော်ဖြောင့်တာကိုး
ကျုပ်လင်တော်လို့်ရလား
ကျုပ်ဆရာလေးကို.သတ်ရမှာနှမျောလို့ပါ
ဟားဟားဟားဟား
......
ထိုအခါ.အောင်မြတ်သာက
မဲ့ပြုံးလေးပြုံးလိုက်ပြီး
ကျုပ်ကတိပေးပီးပီ
ကျုပ်ရှုံးရင် ခင်ဗျားဘာခိုင်းခိုင်းလုပ်ပေးမယ်
ခင်ဗျားဘက်ကသာ.ကတိတည်ဖို့လိုတယ်။
.......
ကောင်းပီလေ
ဒီလောက် လေသံမာနေရင်လဲ စောမယ်အကြောင်း ပြရသေးတာပေါ့
သက်ခိုင် အာရုံစိုက်ပြီး ခပ်လှမ်းလှမ်းကနေကြည့်နေ...
သက်ခိုင်လဲ အနောက်ဆုတ်ပြီး
အခြေအနေကိုကြည့်နေလိုက်တယ်။
......
အောင်မြတ်သာက တင်ပလ္လင်ခွေထိုင်ပြီး
စလို့ရပါပီ လို့ စိန်ခေါ်လိုက်တော့သည်။
ထိုအခါ စောမယ်က
သူ့ရဲ့ဆံပင်တွေကို ဖြန့်ချလိုက်တယ်
ဆံပင်တွေက ခြေမျက်စိထိရောက်အောင် ရှည်လျားတယ်။
ဆံပင်တွေကိုချလိုက်ပြီး နှုတ်ကနေ တစ်စုံတစ်ခုကို ရွတ်လိုက်တာနဲ့..
ဖြန့်ထားတဲ့ဆံပင်တွေက မြွေတစ်ကောင်အလား
အောင်မြတ်သာဆီပြေးဝင်လာတယ်။
ဆံပင်တွေက အောင်မြတ်သာ တစ်ကိုယ်လုံးကို ရစ်ပတ်လိုက်တယ်။
အောင်မြတ်သာကတော့ မလှုပ်မယှက် ငြိမ်သက်စွာ ထိုင်နေတယ်။
ရစ်ပတ်ထားတဲ့ ဆံပင်တွေက စပါးကြီးမြွေတစ်ကောင်လို အောင်မြတ်သာရဲ့ ဦးခေါင်းကိုရစ်ပတ်ဖို့ ကြိုးစားတယ်။
.....
ဒါပေမယ့် အောင်မြတ်သာ ဦးခေါင်းအပေါ်ကို ရောက်လာသမျှ ဆံပင်တွေက သူ့အလိုလို မီးကျွမ်းလောင်ကုန်ရော..
ရစ်ပတ်ထားတဲ့ ဆံပင်တွေလဲ တစ်ဖြေးဖြေး မီးလောင်ကုန်တာ တွေ့လိုက်ရတယ်။
.....
အောင်မြတ်သာက လှုပ်တောင်မလှုပ်ဘူး
သက်ခိုင်လဲ သေချာကြည့်တော့မှ
စောမယ်ရဲ့ ဆံပင်တွေက အောင်မြတ်သာ ခန္ဓာကိုယ်ကိုမှ မထိတာ။
အောင်မြတ်သာ ခန္ဓာကိုယ်ဘေးမှာ စကြာကဲ့သို့ လှည့်ပတ်နေတဲ့ အင်းစမတွေခံနေတာကိုး
အင်းစမတွေကနေထွက်တဲ့ ရောင်စဉ်တွေက စောမယ်ရဲ့ ဆံပင်တွေကို ကျွမ်းလောင်ကုန်တာ..
.....
စောမယ် အံ့သြသွားတယ်
သူ့ရဲ့ပညာက တစ်ဖက်လူ ထိုင်တောင် မပျက်တော့ ဒေါသထွက်ပြီး
လက်ဖဝါးနှစ်ချပ်ကို မြေကြီးပေါ်ရိုက်ချလိုက်တယ်။
ဒီတစ်ခါတော့ ငလျင်လှုပ်သလို တုန်ခါသွားပြီး မြေကြီးထဲကနေ စောမယ်နဲ့ ရုပ်ချင်းတူတဲ့ ကိုယ်ပွားတွေ ထွက်လာခဲ့တယ်။
.....
ကိုယ်ပွားတွေက အောင်မြတ်သာ ပတ်လည်ဝိုင်းပြီး မအဝတ်အစားတွေမပေါ်တပေါ်ချွတ်ကာ မြူစွယ်ကြ ပြန်ရော..
ထိုအခါ အောင်မြတ်သာက မျက်လွှာနှစ်ခုကို.ချပြီး ထိုင်မြဲတိုင်းဆက်ထိုင်နေတော့တယ်။
ကိုယ်ပွားတွေက အောင်မြတ်သာ ခန္ဓာကိုယ်ကို ထိဖို့ကြိုးစားတိုင်း ဘေးပတ်လည်ကနေ လှည့်ပတ်နေတဲ့ အင်းစမကွက်တွေထဲက အလင်းရောင်တွေ ထွက်လာခဲ့တယ်။
အောင်မြတ်သာရဲ့ ခန္ဓာကိုယ်ကို ထိခွင့်မပေးခဲ့ဘူး
ထိုစဉ် အောင်မြတ်သာက လက်တစ်ဖက်နဲ့ ပုတ်ထုတ်လိုက်ရာ ကိုယ်ပွားတွေအားလုံး လေထဲလွင့်ပြီး စောမယ်ရဲ့ ခန္ဓာကိုယ်ထဲကို.ပြန်ဝင်သွားတယ်။
.......
အောင်မြတ်သာ မတ်တပ်ထလိုက်ပြီး
ကဲ .. ကျုပ်အလှည့်ကျပီ
လေထဲမှာ အချုပ်အင်းကွက်ဆွဲပီး စောမယ်ထံ ပုတ်ထုတ်လိုက်တယ်။
အချုပ်အင်းကွက်က ပိုက်ကွန်သဖွယ်ပြန့်ပြီး စောမယ်ရဲ့ ခန္ဓာကိုယ်ကို လှုပ်မရအောင် ချုပ်ထားလိုက်တယ်။
....
စောမယ်ရဲ့ ခန္ဓာကိုယ်မှာ အင်းစမကွက်တွေက ပိုက်ကွန်သဖွယ် ချုပ်နှောင်ထားလိုက်ပြီ။
ဟားဟားဟားဟား
ဒီလောက်နဲ့ စောမယ်ကို.ဖမ်းမယ်တဲ့လားဆိုပြီး
ရုန်းလိုက်တာ
စောနက ချုပ်ထားတဲ့ အင်းကွက်တွေက တစ်လုံးချင်းစီ လွင့်ထွက်ကာ အောင်မြတ်သာဆီ ပြန်ရောက်လာခဲ့တယ်။
....
သက်ခိုင် မျက်လုံးပြူးသွားတယ်
အချုပ်အင်းကို အန်တုနိုင်တဲ့သူ.မတွေ့ဘူးသေးဘူး
ဒီမိန်းကလေးက.ဘာလို့ရုန်းနိုင်တာလဲလို့ တွေးနေရင်း...
စောမယ်တဲ့ဟေ့ ဆိုပြီး အသံနက်ကြီးနဲ့ အော်ကာ ခြုံထားတဲ့ ပဝါအနက်ကိုလေပေါ်ပစ်တင်လိုက်တယ်
ပဝါအနက်က လေပေါ်အရောက်
ပဝါကနေ မြွေအကောင်ပေါင်းများစွာ အောင်မြတ်သာအရှေ့ကိုကျလာတယ်။
ပါးပြင်းတကားကားနဲ့
အစွယ်အဖွေးသားမြွေအုပ်ကြီးက
အောင်မြတ်သာဆီ ပေါက်ဖို့ တရှူးရှူးတရှဲရှဲနဲ့အလာ
.....
အောင်မြတ်သာ လက်ဖဝါးနဲ့ ကာပြီး
တန်ပြန်သက်ရောက်စေ ငါအောင်မြတ်သာ အမိန့် ဆိုပြီး အမိန့်ပေးလိုက်တာနဲ့
မြွေအုပ်ကြီးက စောမယ်ဘက်ကို ပြန်လှည့်ကာ ပေါက်သတ်ဖို့ သွားပါလေရော..
ထိုအခါစောမယ်က မြွေအုပ်ကို လက်ညိုးထိုးပြီး
မူလပြန်စေ...
ဟင်.. မပြောင်းပါလား
မူလပုံစံပြန်စေ..
ဒုတိယအကြိမ်ပြောတော့လဲ မပြောင်း
မြွေအုပ်ကြီးက တစ်ဖြေးဖြေး.စောမယ်အနား ရောက်လာတယ်။
အဲဒီမှာ ဖနောင့်တစ်ချက်ပေါက်လိုက်ရာ
မြေကြီးပေါ်ကသစ်ရွက်တွေ လေပေါ်ဝဲတက်ပြီး
ပြန်အကျမှာတော့ ခုနက မြွေအုပ်ပေါ်ကို ကျလာခဲ့တယ်။
ကျလာတဲ့ သစ်ရွက်တွေက မြွေတွေအပေါ်လဲရောက်ရော..
ဓားတွေဖြစ်ပြီး ပေါက်သတ်ဖို့လာတဲ့ မြွေတွေကို အပိုင်းပိုင်းဖြတ်ချလိုက်ရော..
ဖြတ်ချလိုက်တော့မှ မြွေတွေကနေ ပဝါအနက် အစိတ်အပိုင်းတွေဖြစ်ကုန်တယ်။
......
စောမယ် ဒေါသက အထွဋ်အထိပ်ရောက်လာခဲ့တယ်
အပွဲပွဲနွှဲလာသမျှ
ဒီလူလက်ထဲမှာတော့ အရှုံးမခံနိုင်ဘူး
နောက်ဆုံးတိုက်ကွက်ကို ထုတ်သုံးလေပြီ
စောမယ် တစ်ကိုယ်လုံး အငွေ့တွေထွက်လာတယ်
သူရဲ့မျက်လုံးထဲကနေ အခိုးငွေ့တွေ ထွက်လာတယ်။
ပါးစပ်ထဲကနေ မီးတောက်မီးလျှံတွေ ထွက်လာခဲ့တယ်။
ပါးစပ်ထဲက မီးတွေနဲ့ အောင်မြတ်သာကို မီးလောငိတိုက်သွင်းဖို့ မှုတ်ထုတ်လိုက်ရော...
မီးတောက်တွေက အောင်မြတ်သာဆီပြေးဝင်လာတယ်။
အောက်မြတ်သာလဲ လက်နှစ်ဖက်ကို ဆန့်ကာ
မီးစွယ်တွေကို လက်ထဲဖမ်းလိုက်တယ်။
ထိုမီးစွယ်တွေက အောင်မြတ်သာလက်ထဲမှာ မီးလုံးကြီးတစ်ခုလိုဖြစ်သွားတယ်။
မီးလုံးကြီးကို လက်ထဲမှာ မွှေ့နေရင်း
တစ်ဖြေးဖြေး မီးငြိမ်းလာတယ်
နောက်ဆုံး မီးငြိမ်းတဲ့အခါမှာတော့
အောင်မြတ်သာလက်ထဲမှာ မာကျောနေတဲ့ အသားတုံးကြီးတစ်တုံးတွေ့လိုက်ရတယ်။
.....
စောမယ်ကိုကြည့်လိုက်တော့
မြေကြီးပေါ်မှာ ခွေလဲကျနေပီ
အားအင်တွေမရှိတော့သည့်အတိုင်း.မတ်တပ်တောင်ရပ်မနိုင်တော့ချေ။
အောင်မြတ်သာလဲ စောမယ်အနားသွားပြီး
ဒီမယ် မိန်းကလေး
မင်းရှုံးသွားပီ...
ဒါပမယ့် မင်းငါ့ရဲ့ သစ္စာရေကို သောက်ဖို့မလိုတော့ဘူး။
........
ထိုအခါသက်ခိုင်က
ဆရာ ဘာလို့သူ့ပညာတွေမနုတ်တာလဲ
သူလူတွေထပ်သတ်နေမှာပေါ့
.......
သက်ခိုင်.သူ့မှာဘာပညာမှမရှိတော့ဘူး
သူက.သာမန်မိန်းကလေးတစ်ယောက်ဖြစ်သွားပီ
ဒီမှာ လက်ထဲက အသားတုံးက သူရဲ့ပညာအကုန်ပဲ
သူက ပညာကုန်သုံးပြီးတိုက်တာ
အဲဒီအတွက် ဒီအသားတုံးကို ဖျက်စီးလိုက်ရင် သူဘာပညာမှမရှိတော့ဘူး..ဆိုပြီး
အသားတုံးကို ဘေးကကျောက်တုံးနဲ့ ရိုက်ခွဲလိုက်တယ်။
.......
စောမယ်ကတော့ သတိမေ့နေရှာတယ်။
အောင်မြတ်သာလဲ လာကြည့်တဲ့ ရွာသားတွေကို
ကြည့်ပြီး..
မိတ်ဆွေတို့တတ်တဲ့ပညာကို အကျိုးရှိအောင် အသုံးချကြပါ။
လူသတ်လက်နက်အနေနဲ့ အသုံးမပြုကြပါနဲ့
အကယ်၍ အသုံးပြုခဲ့မယ်ဆိုရင်
ကျုပ်ထပ်လာခဲ့မယ်။
.......
လူအုပ်ကြီးထံမှ ဘာသံမှမကြားရလောက်အောင်
တိတ်ဆိတ်နေတယ်။
ထိုစဉ်..
ဆရာလေးဆီ ကျုပ်တို့ပညာတွေ လှူပါတယ်
ကျုပ်လဲ လှူမယ်
ဒီမကောင်းတဲ့ပညာတွေ ကျုပ်တို့မလိုချင်ဘူး
သူလှူမယ်.ငါလှူမယ်နဲ့
ဆူညံသွားတယ်။
နောက်ဆုံးမှာတော့ ရေစင်တစ်ခွက်.အင်းတစ်ချပ်နဲ့ ပညာတွေကိုအလှူခံခဲ့တယ်။
.........
မကြာမီ ထနွမ်းရွာလေးက ပို၍ သာယာလာမှာ အသေအခါပင်ဖြစ်ပေတော့သည်။
လေးစားစွာဖြင့်
ဇေယန ( ရာမည )

Comments
Post a Comment