ရွှေပြည်တော်သို့အဝင် (အပိုင်း ၃)
ရွှေပြည်တော်သို့အဝင် (အပိုင်း ၃)
အမှောင်ထုလေဟာနယ်ထဲက အလင်းစက်များကို ဖမ်းယူခဲ့တဲ့ ကျင့်စဉ်ပြီးဆုံးတဲ့အခါမှာ ကျွန်တော့်ခန္ဓာကိုယ်ထဲမှာ အလင်းစက်ပေါင်းများစွာ ရရှိခဲ့ပြီးဖြစ်တယ်။
တစ်ခါတစ်ရံ ထိုအလင်းစက်များကို အာရုံပြု ပြီး ပြည့်လိုက်ရင်ဖြင့် တစ်ကိုယ်လုံးမှာရှိတဲ့ အလင်းစက်တွေကနေ အလင်းရောင်တွေ ထွက်လာသလို ခံစားရတယ်။
ကျင့်စဉ်ပြီးဆုံးတဲ့ညမှာ အိမ်မက်ထဲကို ဒီပ ပြန်ရောက်လာတယ်။
ဟဲလို မိုင်ဖရန့်
မင်းကငါထင်တာထင်တောင် တော်နေပါလား
ဒါမယ့်မင်းကိုယ်မင်း အထင်တော့မကြီးနဲ့
မင်းလုပ်ယူရမယ့်ကိစ္စတွေအများကြီးကျန်သေးတယ်
အခက်အခဲပေါင်းများစွာက.မင်းကိုစောင့်ကြိုနေတယ်။
မင်းရဲ့ပင်ကိုယ်ဥာဏ်ရည်ကိုအသုံးပြု ပြီး ဖြတ်ကျော်ရမယ့် အဆင့်တွေအများကြီးကျန်သေးတယ်။
ထိုအခါ ဒီပက မင်းကစကားတော်တော်များတဲ့ကောင်ပဲ
မင်းပြောတာတွေကို ငါလုပ်ခဲ့ပီးပီလေ
အခုငါဘာထပ်လုပ်ရမလဲ
မင်းအခုလုပ်ရမှာက
တိရိစ္ဆန်တစ်ကောင်ကောင်ကို
မင်းရဲ့အာဏာစက်ကိုသုံးပြီး
လိုရာကိုခိုင်းစေနိုင်ရမယ်
အဲဒီကျင့်စဉ်ကို မအောင်မြင်မချင်း မင်းလုပ်ရမယ်
ဘယ်လိုကျင့်ရမလဲဆိုတာကိုတော့ မင်းဘာသာ လမ်းဖောက်ရမယ်။
မင်းအောင်မြင်တဲ့တစ်နေ့ငါပြန်လာမယ်။
ဒီကျင့်စဉ်က အရမ်းခက်ခဲတဲ့အတွက် အချိန်ဘယ်လောက်ကြာမလဲဆိုတာ ငါမသိဘူး။
မင်းရဲ့ပင်ကိုယ်စွမ်းရည်ရှိရင်တော့ အချိန်မြန်မြန်ပြီးမှာပေါ့။
ကဲ ငါသွားပီ
အောင်မြင်ပါစေ ငါမဟုတ်တဲ့ဒီပရေ
ကျွန်တော် အိပ်ယာကနိုးတော့ အိမ်မက်ထဲက အကြောင်းအရာတွေကို စိတ်ကူးကြည့်လိုက်တယ်။
ဘယ်လိုနည်းလမ်းကိုသုံးရမလဲပေါ့။
စဉ်းစားနေရင်း
ဒီပရေ ဒီပ
တန်းစီးဖြစ်သူရဲ့ခေါ်သံကြောင့် ဒီပအခန်းဝကို ထွက်ခဲ့လိုက်တယ်။
ဒီနေ့လည် စုပေါင်းသန့်ရှင်းရေးရှိတယ်
အဲဒါအခုအားလုံးအလုပ်လုပ်ဖို့ ထောင်ပိုင်ကခေါ်နေတယ်။
ကျွန်တော်လဲအခန်းပြင်သို့ထွက်ပြီး ထောင်အနောက်ဘက်ရှိ ခြုံခင်းရှိရာကို.ထွက်ခဲ့လိုက်သည်။
ခြုံရှင်းခြင်းအလုပ်ကို နှစ်နာရီခန့်လုပ်ပီးတဲ့အခါမှာတော့..
သန်းအောင်ရေ
ဒီမှာကြည့်စမ်း
ပုရွတ်ဆိတ်တွေအများကြီကွ
သူတို့အသိုက်ပြောင်းတာနေမယ်
ဥတွေကိုပါချီလာနေတာ
ဘေးက မောင်ပုက သန်းအောင်ကိုလှမ်းပြောလိုက်တာကြားပြီး
ငါပုရွတ်ဆိတ်တွေကို ခေါ်တဲ့ကျင့်စဉ်စကျင့်မယ်လို့ ဆုံးဖြတ်လိုက်တယ်။
အခန်းပြန်ရောက်တော့
ပုရွတ်ဆိတ်တွေကို ဘယ်လိုခေါ်မလဲဆိုတဲ့ အချက်ကိုစဉ်းစားနေရင်း ညမိုးချုပ်ခဲ့ရတယ်။
ညမိုးချုပ်တော့
ကော်ရစ်တာအရှေ့မှာထွန်းထားတဲ့ မီးလုံးသေးသေးလေးရဲ့အလင်းရောင်ကြောင့် အခန်းထဲရှိအရာဝတ္တုတွေကိုကောင်းစွာမြင်နေရတယ်။
ထိုအချိန်..
ပုရွတ်ဆိတ်လေးနှစ်ကောင် အခန်းပြတင်းတံခါးပေါ်မှာ လျောက်လာကိုတွေ့လိုက်တယ်။
နှစ်ကောင်သားမျက်နှာချင်းဆိုင်လျောက်လာရင်း တစ်ယောက်နဲ့တစ်ယောက်ထိပ်တိုက်ဆုံရင်း
ဦးခေါင်းပေါ်ရှိ အမျှင်တန်းလေးနှစ်ခုကို ပူးကပ်လိက်တာကိုတွေ့လိုက်ရတယ်။
ထိုသို့မြင်လိုက်ရတော့ ဒီပစိတ်ထဲအကြံတစ်ခုရလာတယ်။
သူတို့ရဲ့အာရုံခံကိရိယာက အဲဒီအမျှင်တန်းလေးဖြစ်မယ်။
ငါသူတို့ရဲ့အာရုံခံအမျှင်တန်းလေးပေါ်ကို စိတ်လွှတ်နိုင်ရင် သူတို့ကိုခေါ်လို့ရပီပေါ့။
ကျွန်တော်သူတို့ရဲ့အာရုံခံအမျှင်တန်းနဲ့ချိတ်ဆက်ဖို့ စတင်ကြိုးစားပါတော့သည်။
စိတ်ကိုတည်ငြိမ်အောင်ထားပြီး သူတို့ရဲ့သွားပုံလာပုံတွေကို စိတ်ကူးထဲကနေပုံဖော်လိုက်တယ်။
သူတို့ဦးခေါင်းကထွက်လာတဲ့ အမျှင်တန်းကနေ ဆက်သွယ်ရေးလှိုင်းတွေထွက်လာနေတယ်လို့ စိတ်ထဲကမှတ်ယူလိုက်တယ်။
ထိုသို့အာရုံထဲပေါ်လာဖို့ အချိန်တော်တော်ကြာ လေ့ကျင့်ယူခဲ့ရတယ်။
သုံးလလောက်ကျင့်ယူပြီးတဲ့အခါမှာ ကျွန်တော်အာရုံခံလိုက်တာနဲ့ သူတို့ရဲ့ဆက်သွယ်ရေးအမျှင်တန်းလေးတွေကနေ အတွန့်အတွန့်နဲ့လှိုင်းထပ်လေးတွေ ထွက်ပေါ်နေတာကို မြင်လိုက်ရတယ်။
နောက်တစ်ဆင့်တက်ပြီး ကျွန်တော်ရဲ့နဖူအလယ်ကနေ ကျွန်တော်ရဲ့ဆက်သွယ်ရေးလှိုင်းတွေ ထုတ်လွှတ်ဖို့စတင်ကြိုးစားပါတော့သည်။
ထိုသို့ပြုလုပ်ရာတွင် နဖူးအလယ်ကနေ နာကျင်စူးရှတဲ့ခံစားမှုတစ်ခုကို စတင်ခံစားလာရတယ်။
နဖူးကသားရေကိုဖောက်နေသလို စဆစ်ဆစ်နဲ့ နာကျင်လာတယ်။
ထိုသို့ပြု လုပ်နေရင်း မခံမရပ်နိုင်အောင်.နာကျင်လာလို့ အားလျော့မယ့်အဆင့်ထိတောင်ရောက်ခဲ့တယ်။
ဒါပေမယ့် ကျွန်တော်မှာရှိတဲ့ မခံချင်စိတ်က အရှုံးမပေးခဲ့ဘူး။
ထိုသို့နာကျင်မှုဒဏ်ကိုနှစ်လလောက်သည်းခံပြီး ဆက်လုပ်ရင်း
နှစ်လနဲ့၁၅ရက်အရောက်မှာ
နဖူးအလယ်ကနေ လွန်သွားနဲ့ထိုးဖောက်နေသလို စူးရှနာကျင်မှုက တစ်ဖြေးဖြေးလျော့နည်းသွားတယ်
နောက်ရက်တွေမှာ နာကျင်မှုတစ်ဖြေးဖြေးလျော့သွားပြီး ၃လတိတိပြည့်တဲ့နေ့မှာ..
နဖူးအလယ်အသားကိုဖောက်ထွက်လာတဲ့ လှိုင်းတွန့်လေးတွေကိုစတင်ခံစားလာရတယ်။
ထိုလှိုင်းတွန့်လေးတွေက နဖူးကနေ တစ်လံလောက်ထိထွက်လာတယ်။
ထိုမှရှေ့ဆက်မထွက်တော့
ကျွန်တော်လဲရှေ့ဆက်ထွက်ဖို့ ထပ်မံလေ့ကျင့်ရတယ်။
တစ်ဖြေးဖြေးနဲ့လေ့ကျင့်ယူမှုအရ ၄လပြည့်မှာ လိုချင်တဲ့နေရာဆီသို့ လှိုင်းတွန့်တွေကို.ပို့ဆောင်နိုင်ခဲ့တယ်။
ထိုသို့ပို့ဆောင်ချိန်ရောက်မှ ပုရွတ်ဆိတ်တွေရဲ့ ဆက်သွယ်မှုလှိုင်းထဲ ကျွန်တော်ဝင်ရောက်ဖို့ ကြိုးစားပါတော့သည်။
ကျွန်တော်မြင်လိုက်ရတာက သူတို့တွေရဲ့ ဆက်သွယ်မှုကွန်ယက်တွေ။
ရှုပ်ထွေးပွေလီတဲ့ အမျှင်တန်းပေါင်းများစွာထဲ ကျွန်တော်ဘယ်လိုဝင်ရမလဲပေါ့။
နောက်ဆုံးဖြစ်ချင်ရာဖြစ်ဆိုပြီး
သူတို့တွေရဲ့ ဆက်သွယ်မှုလှိုင်းတွေထဲကို
ကျွန်တော်ဆက်သွယ်မှုလှိုင်းကို ချိတ်ဆက်လိုက်တယ်။
ထိုစဉ်နားထဲကြားလာရတာက အလွန်တရာဆူညံတဲ့ အသံမျိုးစုံ။
နားနှစ်ဖက်ကို ပိတ်ပစ်ရသည်အထိ ဆူညံလွန်းခဲ့တယ်။ နောက်ပိုင်းမှာအသားကျလာပြီး သူတို့ပြောတဲ့စကားတွေကို အလိုအလောက်ကျွန်တော်နားလည်ခဲ့တယ်။
ထိုသို့နားလည်ခဲ့တာကိုတွေးပြီး သူတို့ပြောတာတွေက သက္ကတဘာသာစကားဖြစ်မယ်လို့ စိတ်ထဲက ထင်ခဲ့တယ်။
ကျွန်တော်သူတို့ထဲကိုဝင်ရောပြီး ဆက်သွယ်ကြည့်တယ်။ ကျွန်တော်ပြောတဲ့စကားကိုလဲသူတို့နားလည်တာကို ထူးဆန်းစွာတွေ့လိုက်ရတယ်။
ထိုမှစ၍ သူတို့အစာရှာတဲ့ လုပ်ငန်းစဉ်မှာ ကျွန်တော်ပါဝင်ဆောင်ရွက်ပေးခဲ့တယ်။ ဘယ်နေရာမှာ ထမင်းစေ့တွေရှိတယ်။ ဘယ်နေရာမှာ မုန့်အပိုင်းအစတွေရှိတယ် စသဖြင့် ကျွန်တော်ကသူတို့ကို သတင်းပေးပြီး မိတ်ဆွေဖွဲ့နိုင်ခဲ့တယ်။
ထိုသို့ပြုလုပ်ရင်း.ကျွန်တော်အရှေ့ကို လိုအပ်တဲ့အချိန်မှာ ခေါ်ယူနိုင်ခဲ့တယ်။
ထိုသို့ခေါ်ယူနိုင်တဲ့အချိန်ထိ ကျွန်တော်လေ့ကျင့်ခဲ့တာ တစ်နှစ်တိတိကြာမြင့်ခဲ့လေသည်။
တစ်နှစ်ပြည့်တဲ့ညမှာ ဒီပထပ်ရောက်လာတယ်။
ကွန်ဂယက်ကျူ ရေးရှင်းပါ ငါမဟုတ်တဲ့ဒီပရေ
မင်းရဲ့ပါရမီကိုတော့ ထပ်ချီးကျုးရတော့မပေါ့
ချီးကျူးတာကအသာထားပါ
ကျုပ်အခုလုပ်တာတွေက ကျုပ်အတွက်ဘာထူးခြားလာမှာလဲ
ထိုအခါ ဒီပအတုက
ဟားဟားဟား
ဘာပဲဖြစ်ဖြစ် မင်းမှာအတတ်ပညာတွေတိုးလာတာပဲ
ဒီတော့မင်းငါ့ကို ဆရာလို့ခေါ်ရမယ်
မင်းရဲ့ဆရာဒီပပေါ့ကွာ
ဟားဟားဟား
ဟုတ်ပါပီဆရာဒီပရယ်
ကျုပ်အခုဘာဆက်လုပ်ရမှာလဲ
ဒီတစ်ခါမင်းလုပ်ရမှာက
မင်းထောင်ပြောင်းရမယ်
ဘယ်လို
ဘယ်လိုပြောင်းရမှာလဲ
အခုမင်းအသက်၁၆နှစ်ပြည့်ပြီ
အသက်ပြည့်တဲ့သူတွေကို ကလေးထောင်ကနေ လူကြီးထောင်ကိုပြောင်းတယ်။
အဲမှာမင်းသွားနေရမယ်။
မင်းပြောင်းတဲ့ထောင်မှာလဲ အဆင်ပြေပြေနေရအောင် ငါလုပ်ထားပါတယ်။
မင်းရဲ့ဆရာဟောင်းနဲ့ပြန်တွေ့ရဦးမှာပေါ့ကွာ
ကဲ အခုလောလောဆယ် မင်းကိုအနားပေးလိုက်မယ်။
မင်းလွတ်လွတ်လပ်လပ်နေဦး
လိုအပ်ရင်ငါပြန်လာခဲ့မယ်
သွားပီဟေ့ ဆိုပြီး ပျောက်သွားတယ်
မနက်ကျတော့
ကျွန်တော်ထောင်ပြောင်းခဲ့ရတယ်
ပြောင်းတဲ့ထောင်ကိုရောက်တော့
လွန်ခဲ့၃နှစ်ကဆုံခဲ့ရတဲ့ထောင်မှုးနဲ့ပြန်ဆုံခဲ့ရတယ်။
ထိုအချိန်တွင် ဆရာက ထောင်ပိုင်ကြီးတောင်ဖြစ်နေခဲ့ပီ။
ကျွန်တော့်ကို သူကမှတ်မိနေတာကိုတော့ ထူးဆန်းတယ်။
ထိုထောင်မှာလဲ ဘာအလုပ်မှမလုပ်ရပဲ
ဆရာထောင်ပိုင်ကြီးရဲ့အိမ်မှာပဲ တောက်တိုမယ်ရ အလုပ်တွေလုပ်ခဲ့ရတယ်။
ထောင်ပိုင်ကြီးကလူပျိုကြီးဖြစ်တဲ့အတွက် အေးအေးလူလူစိတ်ချမ်းသာစွာနေခဲ့ရတယ်။
ထိုအချိန်တွင် ကျွန်တော့်ဆရာဖြစ်သူဒီပ ကျွန်တော်ဆီမရောက်လာခဲ့ပေ။
ကျွန်တော်လဲ တိရိစ္ဆာန်များနှင့်ဆက်သွယ်သည့် နည်းကို ပုရွတ်ဆိတ်များအပြင် တစ်ခြားတိရိစ္ဆာန်များနှင့်လည်းဆက်သွယ်နိုင်ခဲ့တယ်။
တစ်ရက်မှာတော့
မြွေကြီးကွ ရိုက်သတ်ကွာ
ပါးပြင်းကြီးထောင်နေတာကြောက်စရာကြီး
ရိုက် ရိုက်ဆိုတဲ့အသံတွေကြားလို့ ကျွန်တော်ထွက်ကြည့်တော့..
ထောင်သားတွေ ရိုက်မလို့လုပ်နေတဲ့ မြွေဟောက်ကြီးတစ်ကောင်
မြွေဟောက်ကြီးက ပါးပျဉ်းထောင်ထားရာ လက်ဖဝါးတစ်ပြားစာလောက်ရှိတယိ။
ထိုစဉ်ကျွန်တော်က
ခဏလေး ခဏလေး
မရိုက်ကြနဲ့
ဟေ့ကောင်လေး အနားမကပ်နဲ့
မင်းကိုပေါက်လိမ့်မယ်
မပေါက်ဘူးစိတ်ချ
ကျွန်တော်အနားသိပ်မကပ်ပါဘူး
ကျွန်တော်လဲမြွေကြီးနဲ့ဆက်သွယ်ဖို့ ကြိုးစားပါတော့သည်။
ထိုသို့ကြိုးစားရာ မြွေကြီးနဲ့ချိတ်ဆက်မိပြီး
သူနဲ့အတူနေတဲ့ မြွေဟောက်မကို ရိုက်သတ်လို့ ပြန်လာတာဖြစ်ကြောင်း သိလိုက်ရတယ်။
ကျွန်တော်လဲ လူတွေကိုရန်မမူဖို့ ဘေးလွတ်ရာကိုသွားဖို့ပြောရင်း သူ့ကိုနှစ်သိမ့်ရသေးသည်။
ထိုသို့တော်တော်ကြာပြောပီးနောက်မှာ မြွေဟောက်ကြီးက ပါးပျဉ်းချကာ ထောင်အနောက်ဘက်ရှိ ခြုံအတွင်းသို့ လျောခနဲဝင်သွားလိုက်တယ်။
ထောင်သားတွေအကုန်အံ့သြပြီး
မင်းဘာလုပ်လိုက်တာလဲ
ဘာမှမလုပ်ပါဘူး သူ့ကိုပြန်သွားခိုင်းလိုက်တာ
သူ့နဲ့အတူနေတဲ့ မြွေဟောက်မကို ရိုက်သတ်လို့ ပြန်လာတာတဲ့
ဘယ်သူရိုက်သတ်လဲတော့ကျွန်တော်မသိဘူး
နောက်ဆို အဲလိုမလုပ်ကြပါနဲ့လို့ပြောတော့
ထောင်သားတွေက နောက်ဆင်ခြင်ပါ့မယ်လို့ ပြောတယ်။
ဒီလိုနဲ့ ထိုထောင်ထဲတွင် တစ်နှစ်ခန့်နေပြီးချိန်ထိ ကျွန်တော့်ကိုယ်ပွားဒီပ မရောက်လာခဲ့ဘူး။
တစ်ညမှာတော့
ဟေ့ကောင်ဒီပ
မနက်ဖြန်မင်းလွတ်ပီ
ထစမ်း...
ဟာ ဆရာဒီပ
ပျောက်ချက်သားကောင်းလိုက်တာ
လုံးဝကိုပေါ်မလာတော့တာပဲ
ဒီတစ်ခေါက်ကျုပ်ဘာလုပ်ရမလဲ
ဒီတစ်ခေါက်မင်းထောင်ကလွတ်ပီ
မနက်ဖြန်မင်းကိုလွှတ်ပေးကြတော့မယ်
အဲတော့ မင်းဆရာကိုသွားနှုတ်ဆက်လိုက်ကွာ
မနက်ဖြန်ပီးရင် မင်းဆရာကိုမင်းမတွေ့ရတော့ဘူး
ကျွန်တော်လဲဖြတ်ခနဲလန့်နိုးလာပြီး
ဆရာအခန်းကိုသွားကာ နှုတ်ဆက်လိုက်တော့သည်။
နောက်တစ်နေ့မှာ ကျွန်တော်ကိုလွတ်ငြိမ်းခွင့်နဲ့ လွှတ်ပေးခဲ့တယ်။
ဆရာကလဲ ထောင်တံခါးဝထိ လိုက်နှုတ်ဆက်ခဲ့တယ်။
ကျွန်တော်လဲ ယောင်လည်ယောင်လည်နဲ့ အပြင်လောကပေါ်သို့ စတင်ခြေလိုက်မိတော့သည်။
ထိုသို့ခြေချလိုက်ပြီး ဘယ်သွားရမှန်းမသိတာနဲ့
တွေ့ရာဘုရားပေါ်သို့တက်ကာ တစ်ရေးတစ်မောအိပ်စက်လိုက်တော့သည်။
အိပ်ပျော်နေစဉ်
ဆရာဒီပရောက်လာပြီး
ဟေ့ကောင် ဒီပ
မင်းအတွက် လုပ်ငန်းစဉ်တွေစပြီ
မင်းလုပ်ငန်းတွေအကောင်အထည်ဖော်ဖို့အတွက် ငွေလိုတယ်။
ဒီတော့အရင်ဆုံး မင်းငွေရှာရမယ်။
ကျုပ်ကဘာမှမလုပ်တတ်တာ
ဘယ်လိုငွေရှာရမလဲ
ငါရှိတယ်လေကွာ
မင်းလုပ်ငန်းစဉ်တွေမှာသုံးဖို့
ငွေကြေးရတဲ့နည်းငါသင်ပေးမှာပေါ့
ဟားဟား
အာ့ဆိုလဲဘယ်လိုလုပ်ရမလဲပြောဗျာ
ဒီမြို့ရဲ့တောင်ဘက်ခြမ်းမှာရှိတဲ့
စေတီပျက်တစ်ဆူဖြစ်တဲ့ မဟာမုနိစေတီမှာ
မင်းအတွက်ငါတောင်းထားတဲ့ ပစ္စည်းအချို့ရှိတယ်။
အဲဒီပစ္စည်းကိုမင်းသွားယူရမယ်။
မင်းသွားတဲ့အခါ မြွေတစ်ကောင်တွေ့ရမယ်။
အဲဒီမြွေကိုတွေ့တဲ့အခါ မင်းက စကားတစ်ခွန်းပြောရမယ်။
အဲဒီစကားပြောမှ မင်းကို သူကလမ်းပြပေးလိမ့်မယ်။
မင်းပြောတာမှားရင်တော့ မင်းတစ်ကိုယ်လုံးမဲနက်သွားအောင် သူကပေါက်သတ်လိမ့်မယ်။
ကျုပ်ကဘာစကားပြောရမှာလဲ
မင်းပြောရမှာက
အဲဒီစကားကိုမှတ်ထားပြီး
သူ့ကိုပြောရမယ်
"ငါ့လုပ်ငန်းပြီးမြောက်ဖို့ရေး
ပိုင်ရှင်မရှိ ရတနာအတိ
မြေအိုးရှိရာ.နေရာသို့
ငါ့အားပြလော့"
ကဲ.ငါသွားပီ
နောက်မှဆုံမယ်ဟေ့
ကျွန်တော်လဲလန့်နိုးလာပြီး
မဟာမုနိစေတီရှိရာသို့ ထွက်ခဲ့လိုက
်လေတော့သည်။
အပိုင်း ၄ ဆက်လက်ဖတ်ရှုပါရန်
ဇေယန(ရာမည)

Comments
Post a Comment