ရွှေပြည်တော်သို့အဝင်(အပိုင်း ၄)
ရွှေပြည်တော်သို့အဝင်(အပိုင်း ၄)
မဟာမုနိဘုရားနေရာသို့ မေးမြန်းပီး ထွက်လာခဲ့ရာ
ချောချောမောမောရောက်ရှိခဲ့သည်။
မဟာမုနိဘုရားသို့ရောက်သောအခါ
ဘုရားပုရဝဏ်အတွင်း.ခြုံနွယ်များထူထပ်စွာ ပေါက်ရောက်နေပီး ပြု ပြင်မွမ်းမံမှုများမရှိသောကြောင့် သာသနိကအဆောက်အဦးအချို့မှာလည်း ယိုယွင်းပျက်စီးနေတာကို တွေ့လိုက်ရတယ်။
ကျွန်တော်လဲ ဘယ်သွားရမှန်းမသိဖြစ်နေချိန်
ရှူး ရှူး ရှူး ဆိုတဲ့ မြွေတွန်သံကြားလိုက်ရတယ်
အနောက်လှည့်ကြည့်လိုက်တော့
မြွေဟောက်ကြီးတစ်ကောင်ဗျာ
မဲနက်နေတာပဲ ပါးပျဉ်းကြီးကိုထောင်လို့
ကျုပ်ဆီကို နီရဲနေတဲ့ မျက်လုံးကြီးနဲ့ စိုက်ကြည့်နေတာ...
ကျုပ်လဲ.အိမ်မက်ထဲကအတိုင်း စိတ်ထဲကနေ
"ငါ့လုပ်ငန်းပြီးမြောက်ဖို့ရေး
ပိုင်ရှင်မရှိ ရတနာအတိ
မြေအိုးရှိရာ.နေရာသို့
ငါ့အားပြလော့"လို့ပြောလိုက်တယ်ဆိုရင်ဖြင့်
ပါးပျဉ်းကိုချပြီး ဘုရားအနောက်ဘက်ကို.လျောခနဲ့ ဝင်သွားတာကို တွေ့လိုက်တယ်။
ကျုပ်လဲအသာလိုက်သွားပြီး ဘာများတွေ့မလဲဆိုတဲ့ အတွေးနဲ့စိတ်လောနေမိတယ်။
ဘုရားအနောက်ဘက် မှတ်တိုင်အုတ်ခုံလေးနားရောက်တော့ မြွေကဆက်မသွားတော့ပဲ ရပ်သွားတယ်။ထို့နောက် ကျွန်တော့်ကို မြေကြီးပေါ်ခေါင်းငိုက်တဲ့ပုံစံလုပ်ပြနေပြီး တစ်စုံတစ်ခုလုပ်နေစေချင်တဲ့
ပုံစံ
ကျွန်တော်စိတ်ထဲမှာလဲ ထိုနေရာကို တူးဖို့ဘေးမှာရှိတဲ့ ဝါးချွန်လေးနဲ့ဆွလိုက်တယ်ဆိုရင်ဖြင့် မြေအိုးဖြင့်ထည့်ထားသော.ရတနာပစ္စည်းများစွာရရှိခဲ့သည်။
ထို့နောက် ဘုရားပေါ်ရှိနေရာလွတ်လေးမှာ ခဏတာအိပ်စက်လိုက်လေတော့သည်။
ထိုအချိန် အိမ်မက်ထဲသို့ ဒီပရောက်လာခဲ့တယ်။
ဟေ့ကောင် အားနေအိပ်ပဲမအိပ်နေနဲ့
ဒီပစ္စည်းတွေကို ရောင်းပြီး မင်းဘဝအပြောင်းအလဲ.လုပ်ရမယ်။
ဒီရတနာပစ္စည်းတွေကို စုံနံ့သာဈေးက ဦးရင်နုဆိုတဲ့ လူကြီးဆိုင်မှာသွားရောင်းလိုက် သူကဈေးမှန်တယ်။
ရတဲ့ပိုက်ဆံကို လုံခြုံအောင်ထိန်းသိမ်းဖို့ အိမ်တစ်လုံးဝယ်ရမယ်။
အဲဒီအလုပ်တွေကို မင်းတစ်ယောက်ထဲ လုပ်မရဘူး
မင်းရဲ့လူယုံတစ်ယောက်ကို ငှါးရမယ်။
အဲလိုငှါးဖို့လဲ ငါစီစဉ်လိုက်မယ်။
အခုလောလောဆယ် အိမ်တစ်လုံးငှါးဖို့အတွက် ဒီပစ္စည်းတွေသွားရောင်းတော့..
ကျွန်တော်လဲအိပ်ရာကနိုးလာပြီး
မှုံနံ့သာဈေးထဲထွက်လာခဲ့လိုက်တယ်
ဦးရင်နု စိန်ရွှေရတနာရောင်းဝယ်ရေးဆိုတဲ့ ဆိုင်းဘုတ်ကြီးကိုတွေ့တော့ ဆိုင်ထဲဝင်သွားလိုက်တယ်။
ဆိုင်ထဲရောက်တော့..
သူဌေး
ကျုပ်ပစ္စည်းနည်းနည်းရောင်းချင်လို့
မောင်ရင်က ဘာပစ္စည်းရောင်းမှာလဲ
ဒီမှာကြည့်ကြည့်ဦးလေးဆိုပြီး
အိတ်ထဲကရတနာအိုးကို ထုတ်ပြလိုက်တယ်
ဦးရင်နုလဲ ဝမ်းသာအားရ.တန်ရာတန်ကြေးပေးပြီး ဝယ်လိုက်လေတော့သည်။
ကျွန်တော်လဲ ရောင်းလို့ရတဲ့ပိုက်ဆံ (မှတ်တမ်းတွင်လုံလောက်သောငွေပမာဏလို့သာထည့်ထားသည့်အတွက် ဘယ်လောက်ရသည်ဆိုတာကို ကျွန်တော်မသိရ၍ မရေးထားခြင်းဖြစ်ပါသည်။)ထဲက တစ်ချို့တစ်ဝက်ကိုယူပြီး.ကျန်တဲ့တစ်ချို့တစ်ဝက်ကို ဦးရင်နုဆီမှာအပ်ထားခဲ့လေသည်။
လိုအပ်သည့်အချိန်မှ ဤအမှတ်တံဆိပ်လက်မှတ်နဲ့ ထုတ်ယူမှသာ ထုတ်ပေးဖို့ကိုလဲ မှားခဲ့လေသည်။
ဦးရင်နုသည်.အိမ်မက်ထဲမှ.ကျွန်တော်ဆရာ ဒီပ၏ ထောက်ခံချက်ရရှိထားသဖြင့် ယုံကြည်စွာဖြင့် အပ်နှံခဲ့ခြင်းဖြစ်ပါသည်။
ကျွန်တော်လဲ နေထိုင်လို့ရမည့် အိမ်တစ်လုံးကို ဦးစွာလိုက်ရှာရာ မြဟင်္သာလမ်းထဲတွင် အိမ်တစ်လုံးကိုငှါးရမ်းရရှိခဲ့လေသည်။
ထိုအိမ်တွင်နေထိုင်ဖို့ကိစ္စအတွက် လိုအပ်တာတွေဝယ်ရင်း အိမ်ပြန်လာတဲ့အချိန်..
ဆရာ.. ပစ္စည်းတွေများလှချည်လား
ဝိုင်းသယ်ပေးပါ့မယ်
မင်းကဘယ်သူလဲ
ကျွန်တော်နာမည် ဒီပလို့ခေါ်တယ်
ဟာ မင်းနာမည်လဲဒီပပဲလား
ထူးဆန်းတယ်ဟေ့
ငါ့နာမည်လဲဒီပပဲကွ
ဒါမယ့်မတူဘူးလေ
ဆရာက.သူဌေးဒီပ
ကျုပ်က ကူလီထမ်းတဲ့ဒီပ
လောကမှာ နာမည်တူပြီး ကွဲလွဲနေတဲ့အရာတွေ အများကြီးပဲ
ကျုပ်တို့ရပ်ကွက်ထဲမှာတောင်ရှ်သေးတယ်
ဟိုဘက်လမ်းမှာနေတဲ့ ဦးပုဆိုတဲ့သူရဲ့အရပ်က ၆ပေကျော်တယ်။
သူ့အိမ်အနောက် ဦးပုကျတော့ အရပ်က၅ပေတောင်မပြည့်ဘူး အဲလိုပဲဗျ
လောကမှာ နာမည်တူတိုင်း ကုသိုလ်ခြင်းမတူဘူးလေ။
ဒါနဲ့ မင်းမှာ အလုပ်မရှိဘူးလား
ကျုပ်အလုပ်ကစိတ်ကူးပေါက်မှထလုပ်တာ
အခုစိတ်ကူးပေါက်လို့ အလုပ်ထလုပ်မလားလို့
ဒါဆို ငါ့အိမ်မှာလာနေကွာ
မင်းပုံစံက သွက်သွက်လက်လက်ရှိတယ်
လစာကတော့ မနည်းစေရဘူး
ထိုအခါ ကူလီသမားဒီပက
အဆင်သင့်လိုက်တာဗျို့
ဒီမနက်ပဲကျုပ်အိမ်ပေါ်ကဆင်းလာတာ
အခုနေဖို့ စားဖို့အတော်ဖြစ်သွားပီ
ကဲ ပစ္စည်းတွေကျုပ်ကိုပေးဆိုပြီး စွေ့ကနဲကောက်ထမ်းသွားတဲ့ကူလီဒီပအနောက်ကို ဒီပလိုက်သွားလေတော့သည်။
ထိုနေ့ညက ကူလီဒီပချက်ကျွေးတဲ့ အာလူးနဲ့ငါးခြောက်ဟင်းကို မြိန်ရှက်စွာစားသောက်ပြီး အိပ်စက်လိုက်လေတော့သည်။
ထိုအခါ အိမ်မက်ထဲတွင် ဆရာဒီပ ရောက်ချလာတော့သည်။
အဟားအဟား ဟေ့ကောင် ဒီပ
မင်းကတကယ့်ကောင်ပဲ
အကူအလုပ်သမားခေါ်တော့လဲ ဒီပဆိုတဲ့ နာမည်ကိုရွေးခေါ်ရတယ်လို့။
မင်းအတွက်လူတစ်ယောက်ရပီပေါ့ကွာ
မင်းရဲ့လုပ်ငန်းတွေလဲ စလို့ရပီ
လုပ်ငန်းစဉ်တွေကိုငါပြောမယ်
မနက်ဖြန်ကစပြီး ဈေးထဲကနေ သက်သက်လွတ်အစားအစာတွေ ၃လစာဝယ်ခဲ့ ၊ အဓိကကတော့ ပဲပေါ့ကွာ၊ သူကအသားဓာတ်ရှိတယ်။
၃လပတ်လုံးမင်းသတ်သတ်လွတ်စားရမယ်
အဲအချိန်တွင်း အိမ်ထဲမှာပဲနေရမယ်
မင်းလိုအပ်တာတွေကို ကူလီဒီပကို ခိုင်းရမယ်
ကျွန်တော်လဲ နောက်နေ့ကစပြီး အိမ်ထဲအောင်းသော ကျင့်စဉ်ကိုကျင့်ရပါတော့သည်။
သက်သက်လွတ်အစားအစာကိုတော့ ကူလီဒီပက ချက်ပေးတယ်။
သက်သက်လွတ်ပဲစားလာတဲ့အတွက် အသားအရည်က ကြည်လင်လာတယ်။ စိတ်အစဉ်ကလဲ ရှင်းလာတယ်။ ခန္ဓာကိုယ်ထဲကနေ အညှီအဟောက်ဓာတ်တွေမထွက်တော့တဲ့အတွက် ကိုယ့်ကိုယ်ကိုသန့်ရှင်းစင်ကြယ်လာတယ်လို့ မြင်လာခဲ့တယ်။
သုံးလပြည့်တဲ့နေ့မှာတော့
ကျွန်တော်အသားငါးနံ့တွေလုံးဝခံမရတော့ချေ။
ထို့ကြောင့်ရာသက်ပန်သတ်သတ်လွတ်သာ စားရန်ဆုံးဖြတ်ချက်ချလိုက်လေတော့သည်။
သုံးလပြည့်တဲ့နေ့မှာ. အိမ်မက်ထဲသို့ ဆရာဒီပပြန်ရောက်လာခဲ့တယ်။
ကဲ ဒီပရေ
အခုချိန်ကစပြီး
သမထဆိုတဲ့ အာရုံစူးစိုက်မှုကျင့်စဉ်ကို ကျင့်ရမယ်။
ဒီကျင့်စဉ်ကို အချိန်အတိုင်းအတာမရှိ ကျင့်ရမယ်။
ကျင့်စဉ်အောင်မြင်တဲ့အချိန်ကတော့ မင်းရဲ့ဥာဏ်အပေါ်မူတည်တယ်။
တစ်နေ့မှာ ၁၈နာရီသမထကိုကျင့်ရမယ်။
ဘယ်လိုကျင့်မလဲဆိုတာကို ကိုယ့်ဘာသာစဉ်းစား
အောင်မြင်တဲ့တစ်နေ့ မင်းဆီကိုငါမလာပဲ
ငါ့ဆီကိုမင်းရောက်လာလိမ့်မယ်။
...
နောက်နေ့မှစ၍ အိမ်ထဲတွင်သာနေ၍ သမထကျင့်စဉ်ကို စတင်ကျင့်ပါတော့သည်။
စားချိန်သောက်ချိန်ကတော့ ကူလီဒီပက ဆောင်ရွက်ပေးတယ်။
ပထမဆုံးကျွန်တော် ခန္ဓာကိုယ်မှာရှိတဲ့ အလင်းဓာတ်တွေကိုမြင်အောင်အရင်ဆုံးကျင့်ပါတော့သည်။
ထို့နောက် ဖယောင်းတိုင်မီးကိုစိုက်ကြည့်ကာ အာရုံမလွင့်ပျံ့အောင်ကျင့်ရပြန်သည်။
ထို့နောက်ရေကသိုင်း၊ နေကသိုင်းစသည်ဖြင့် ကျင့်စဉ်ပေါင်းများစွာကိုကျင့်ခဲ့ရလေတော့သည်။
ထိုသို့ကျင့်ကြံနေတဲ့အချိန်အတွင်း ကျွန်တော်၏ဆံပင်၊ မုတ်ဆိတ်ကျင်စွယ်တို့သည် အလွန်တရာရှည်လျားနေပြီး ရုတ်တရက်ကြည့်လိုက်ပါက တောပုန်းတစ်ယောက်လိုလိုဖြစ်နေပါတော့သည်။
တစ်ခါတစ်ရံ အိမ်ထဲတွင်၊ တစ်ခါတစ်ရံအိမ်အနောက်က သရက်ပင်အောင်တွင် သမထကျင့်စဉ်ကို ကျင့်ကြံခဲ့တော့သည်။
ထိုသို့ကျင့်လာခဲ့ရာ ၃နှစ်အတွင်းသို့ဝင်ရောက်လာခဲ့ပြီး စိတ်ကလဲတစ်ဖြေးဖြေးကြည်လင်လာခဲ့တယ်။
တစ်ည အိမ်အနောက်က သရက်ပင်အောက်မှာ ထိုင်နေစဉ် အလွန်တရာလှပချောမွေ့သော မိန်းကလေး၂ယောက်က သူတို့ရဲ့အလှပအပတွေနဲ့ ယိမ်းနွဲ့လှုပ်ရှားကာ.ကျွန်တော်ထံသို့ရောက်လာခဲ့တယ်။
သူမတို့ရဲ့အလှအပအမြူ အဆွယ်တွေက.သာမန်ယောင်္ကျားတစ်ယောက်အဖို့ ရူးသွပ်သွားစေနိုင်ပေမယ့် ကျွန်တော့်အတွက်ကတော့ စိုးစင်းမျှ တုန်လှုပ်မသွားခဲ့ချေ။
ထိုသို့ပြုမူပြီး ကျွန်တော်ဘက်မှ တုန့်ပြန်မှုမရှိသောအခါ ထိုမိန်းမနှစ်ယောက်က ကျွန်တော့်အား ကြောက်မက်ဖွယ်မျက်လုံးတွေနဲ့ကြည့်ပြီး ထွက်ခွာသွားကြသည်။
ထို့နောက်ရှေးမနှောင်းမှာပင် ကြောက်မက်ဖွယ်အဆင်းသဏ္ဍန်တွေနဲ့ မကောင်းဆိုးများ ထပ်မံရောက်ဘာပြီး ကျွန်တော့်အား စားမတတ်၊ ဝါးမတတ် နှလုံးသွေးပျက်အောင် ခြောက်လှန့်ပါတော့သည်။
ဘယ်လိုပုံစံမျိုးနဲ့လာလာ ကျွန်တော်မတုန်လှုပ်တော့ချေ။ ကျွန်တော်၏စိတ်အမှောင်တိုက်ကနေ အလင်းတန်းတို့ ထွက်ပေါ်လာခဲ့ပါတော့သည်။
ထိုသို့ထွက်ပေါ်လာပြီးတဲ့နောက်မှာ ကျွန်တော်၏စိတ်ကို နိုင်သွားခဲ့ပြီး.ကျွန်တော်၏ ရုပ်ကိုလဲ ပိုင်သွားခဲ့လေသည်။
ထိုအချိန်ထိ ကျွန်တော်ဆရာဖြစ်သူ.ဒီပ မရောက်လာခဲ့ချေ။ ထို့ကြောင့် ဒီပဖြစ်သူထံသို့ ကျွန်တော်သွားရပါတော့သည်။
ဆရာဒီပကား တောတစ်ခုထဲရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင်.အိပ်မောကျနေတာကို တွေ့လိုက်ရတယ်။
ဆရာဒီပ ကျုပ်ကခင်ဗျားကိုလိုက်ရှာနေတာ
ခင်ဗျားကဒီရောက်နေတာကိုး
ထိုသို့ပြောလိုက်တော့မှ အိပ်ချင်မူးတူးနဲ့ ထလာပြီး
အလိုလေး ကိုဒီပ
ကျုပ်ဆီကိုတောင်ရောက်လာနိုင်ခဲ့ပီ
ချီးကျူးပါတယ်ဗျာ
ဒါမယ့် အခုမှမူလတန်းအောင်တာနော်
အလယ်တန်းတွေ အထက်တန်းတွေကျန်သေးတယ်
အဲဒါတွေအောင်မှ မဟာဒီပဖြစ်မှာ
ဘယ်လိုလဲဗျ
မဟာဒီပဆိုတာ
ဒီလိုလေကွာ
၁၀တန်းအောင်တဲ့သူက တက္ကသိုလ်တက်ရတယ်
တက္ကသိုလ်မှာ ရိုးရိုးအောင်ရင် ရိုးရိုးဘွဲ့ပဲရမယ်
တကယ်လို့ ထူးချွန်စွာအောင်ရင်တော့ မဟာဆိုတဲ့ဘွဲ့ကိုရလိမ့်မယ်
အခုလဲမင်းက ရိုးရိုးအောင်ဖို့တောင်မလွယ်သေးဘူး
မင်းရထားတဲ့ အစွမ်းတွေက အချိန်မရွေးလျောကျသွားနိုင်တယ်ဆိုတာအမြဲမှတ်ထား။
ဒါနဲ့ဒီနေရာက.ဘယ်နေရာလဲဗျ
တိတ်ဆိတ်ပီး အေးချမ်းနေတာပဲ
ကျေးငှက်အော်မြည်သံတွေတောင် တစ်ချက်တစ်ချက်မှကြားရတာ
ထိုအခါ ဆရာဒီပက
မင်းရောက်နေတာ သူတော်ကောင်းတွေမွေ့ပျော်ရာ နေရာတစ်ခုပေါ့ကွာ
ကဲ မင်းပြန်တော့
မပြန်ခင် တစ်ခါထဲပြောရဦးမယ်
မင်းအခုကျင့်ကြံနေတာက သထမအစွမ်းရဖို့
အခု မင်းအနေနဲ့ လမ်းနှစ်ခွကိုရောက်နေပီ
တစ်လမ်းကိုရွေးရလိမ့်မယ်
ဘယ်လိုလမ်းလဲဗျ
အဲဒါတော့ငါမပြောဘူး
မင်းဘာသာတစ်နေ့သိလာလိမ့်မယ်
အခုတော့ မင်းကျင့်စဉ်အောင်တဲ့အတွက်
နယ်လှည့်ပြီး အဓိဌာန်ဝင်ရမယ်
တောင်စဉ်ကိုးခုက
စေတီတစ်ဆူစီမှာ၃လ
စုစုပေါင်း၂၇လ အဓိဌာန်ဝင်ရမယ်
အဲဒီတောင်တွေက
ကေလာသတောင်
မြသပိတ်တောင်
ဇွဲကပင်တောင်
ဇင်းကျိုက်တောင်
ပုပ္ပါးတောင်
နွားလပို့တောင်
တောင်ညိုတောင်
ဇလုံတောင်
မုလအိတောင်
နေရာတွေက တစ်နယ်စီဖြစ်နေတယ်
အဲဒီခရီးကိုမိမိဘာသာ ဆွဲပီး ဂန္ဓာရီထွက်ရမယ်
ဂန္ဓာရီထွက်တဲ့အခါ အဝတ်ကောင်းစားလှမဝတ်ရဘူး၊
လူအထင်ကြီးအောင်မနေရဘူး
ကဲ ပြန်တော့
လိုအပ်တာတွေပြင်ဆင်ဖို့
...
ဒီပလဲ သတိပြန်ရတော့ သူ့အနားမှာ ကူလီဒီပ လာထိုင်စောင့်နေတာတွေ့လိုက်ရတယ်။
ဆရာ တရားထိုင်တာ ၂ရက်တောင်ကြာသွားပီ။
ငါ့ဆရာတော့ တရားပေါက်နေပီထင်တယ် ဟဲဟဲ
ကျွန်တော်လဲထိုင်ရာမှထပြီး.ကူလီဒီပြင်ဆင်ပေးထားတဲ့ ပဲပြုတ်ထမင်းကိုစားလိုက်လေတော့သည်။
ထို့နောက်..
ဂန္ဓာရီခရီးထွက်ဖို့ စတင်ပြင်ဆင်ပါတော့သည်
အပိုင်း(၅) ဆက်လက်ဖတ်ရှုပါရန်
ဇေယန(ရာမည)

Comments
Post a Comment