ဘုံဘ၀မှာဖြင့် အပိုင်း ( ၅ )

ဘုံဘ၀မှာဖြင့် အပိုင်း ( ၅ )

အောင်မြတ်သာတို့လဲ အဘိုးခင်ရဲ့ ခြံဝိုင်းနား လဲရောက်ကော.. အဘိုးခင်က နွားလှည်းပေါ်မှာ အသင့်စောင့်နေလေရဲ့...
အော်.. အောင်မြတ်သာတို့တောင် ရောက်လာပီ ကိုးး. ဆရာကြီးလဲ လိုက်လာတာပဲ... ဒါဆို ပိုပြီး အဆင်သင့်တာပေါ့ဗျာ..
ကဲကဲ..အချိန်တောင် လင့်နေပီ.. သွားကြစို့.. ဆိုတော့ ကျုပ်တို့လဲ လှည်းပေါ်တက်ထိုင်ပြီး လိုက်ခဲ့လိုက်တယ်....
လှည်းနောက်က တလိမ့်လိမ့် ထနေတဲ့ ဖုန်လုံး တွေရဲ့ အနောက်မှာ ကျုပ်တို့ သာယာကုန်း ရွာလေးက တဖြေးဖြေး ဝေးကွာလာတယ်...
အဲဒီအချိန် အဘိုးခင်က...
အောင်မြတ်သာ.. ခုသွားမယ့် ရွာက မန်ကျီးကုန်း ရွာလေ.... အဲရွာမှာတော့ အရင်က အဲလိုအဖြစ်မျိုး ဖြစ်တာမကြားဖူးဘူး.... ခုကြားလိုက်တော့လဲ မယုံနိုင်စရာပါလားကွယ်....
နေရင်းထိုင်ရင်း မျက်လုံးထဲက သွေးတွေ စီးကျ နေတာလို့ .. အကူအညီလာတောင်းတဲ့ ဦးမြအေး ကပြောတာပဲ... ကျန်တာကတော့.. ဘာမှမဖြစ်ဘူး နေမကောင်းတာ...ဖျားတာ..နာတာ.. မရှိဘူး... အဲဒီတစ်ခုပဲ..ရှိတာ......
...အင်းး ဟုတ်တယ်နော် အဘိုးခင်.. အရမ်းထူးဆန်းတယ်... ကျွန်တော်လဲ တစ်ခါမှ မကြားဖူးဖူး...ဒါနဲ့ ဆရာကော အဲလိုတွေ ဖြစ်တာ ကြုံဖူးလား....လို့မေးတော့..
.အင်းးး...အဲလိုဖြစ်တာတော့ မကြုံဖူးဖူး... ဒါပေမယ့် အဲလိုဖြစ်တာတော့ ကြားဖူးတယ်...
... မျက်လုံးထဲက သွေးမျက်ရည်ကျအောင် ပြုးစား နိုင်တယ်ဆိုတာ တော်ရုံသာမန် ပညာတော့ မဟုတ်ဘူး အောင်မြတ်သာရေ...
..ပွဲကတော့ ကြည့်ကောင်းမယ့်ပုံ ရှိတယ်... စသည်ဖြင့် ပြောရင်းဆိုရင်း.. လာလိုက်တာ... မန်ကျီးကုန်း ရွာထိပ်တောင် ရောက်လာပါကော..
အဲဒါနဲ့ အဘိုးခင်က... ဟဲ့ သာဒိုးရေ.. မင်းလှည်းကို ရွာအနောက်ပိုင်းက ကိုမြအေးတို့ ခြံဝိုင်းဘက်မောင်းသွားကွာ.....လို့ဆိုတော့..
ဆရာကြီးက.... အဘိုးခင်... ခဏလေး... လှည်းကို အရင်ဆုံး ဘုန်းကြီးကျောင်းကို မောင်းသွားပေး ပါလား.... ကျုပ်ဆရာတော်ဆီကနေ ယူစရာ ပစ္စည်းလေး ရှိနေလို့....
ဟုတ်လားး.. ဆရာတော်နဲ့ မင်းက သိလို့လား...
မသိပါဘူး...ဒါပေမယ့် အရေးကြီးတဲ့ ပစ္စည်းတစ်ခု စွန့်ခိုင်းစရာ ရှိလို့ပါလို့ဆိုတော့....
အောင်မြတ်သာနဲ့ အဘိုးခင်ကတော့... ဘာများ အကူအညီတောင်းမလဲ ဆိုပြီး စိတ်ဝင်တစား ဖြစ်နေတော့တာပေါ့....
အဲဒါနဲ့ သာဒိုးကို ရွာဦးကျောင်းဘက် ပြန်လှည့်ခိုင်းပြီး... ဘုန်းကြီးကျောင်း ရောက်တော့ သုံးယောက်သား... ဆရာတော်ကို ၀င်ဖူးကန်တော့ ပြီးနောက် ဦးတိက္ခက...
အရှင်ဘုရား... တပည့်တော်က တခြားနယ်ကပါ ဘုရား...ဒီလူငယ်လေးနဲ့ အဘိုးခင်ကတော့ သာယာကုန်း ရွာကပါ ဘုရား... အခုတပည့်တော်တို့... ဒီရွာမှာ ရောဂါလာကုတာပါ ဘုရား.... အဲလိုကုတဲ့အခါမှာ ဆရာတော်ရဲ့ သင်္ကန်းစလေးက မရှိမဖြစ် လိုအပ် လို့ပါဘုရား.... သင်္ကန်းက အသစ်မဟုတ်ရပါဘူး ဘုရား... ဖြစ်နိုင်ရင် အရှင်ဘုရား ခြေထောက်သုတ်တဲ့ သင်္ကန်းစုတ်ဆို ပိုကောင်း ပါတယ် ဘုရား...လို့ဆိုတော့...
ဆရာတော်က ..အိမ်းးးး.. လောကီ ကိစ္စတွေ တယ်လဲ ရှုပ်ထွေးသကိုး... ဘာကြောင့်လဲတော့ ဆရာတော်မမေးတော့ဘူး... ဟိုမှာ ဆရာတော် ၀တ်တဲ့သင်္ကန်းကို ခြေထောက်သုတ် လုပ်ထားတာ ရှိတယ်...အဲဒါကို ယူသွားပေါ့....ဆိုပြီး စွန့်ကျဲတော့... ဦးတိက္ခ က သင်္ကန်းစကို ယူခဲ့တာကို အဘိုးခင်နဲ့ အောင်မြတ်သာကတော့... ဘာလို့ယူခဲ့မှန်း မသိ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက် မိတယ်.....
အဲလိုနဲ့ လူနာအိမ်ရောက်တော့... လူနာက.. အခန့်သား ထိုင်နေတာကို တွေ့လိုက်ရတယ်...
ဒါမယ့် မျက်လုံးတစ်ဝိုက်မှာတော့ သွေးစတွေ ပေကျံနေတာ... ဘေးမှာလဲ သွေးတွေပေနေတဲ့ အ၀တ်တွေ.... သေချာပီပေါ့... ဒါပြုစားခံရပီ...
အဲဒါနဲ့ ဆရာကြီးက အောင်မြတ်သာ... မင်း လုပ်စရာ ရှိတာ လုပ်တော့ကွာ... ဆိုပြီး ခွင့်ပြု လိုက်တော့ ကျုပ်လဲ လူနာကို အရှေ့မှာထားပြီး.. ဘုရားရှိခိုး..အမျှဝေ.. မေတ္တာပို့.. အထက်ဆရာကြီးတွေနဲ့ နတ်တွေအားလုံးကို တိုင်တည်ပြီး ရောဂါကုသခြင်းကို စတင် လိုက်တယ်....
ပြုစားခံရတဲ့ လူနာက အမျိုးသမီးဗျ... အသက်က ၄၅ လောက်ပဲရှိသေးတယ်... ရွှေတွေဝတ်ထား တာလဲ.. သီးနေတာပဲ.... အဲဒါနဲ့ ကျုပ်လဲ လူနာရဲ့ မျက်လုံးကို သေချာအာရုံစိုက်ကြည့်ပြီး ဘယ်သူ လုပ်တာလဲလို့... မနောမှာ အာရုံခံလိုက်တာ.. အာရုံမှာ အမျိုးသမီးငယ်တစ်ယောက်ရဲ့ မျက်နှာ လာပေါ်တယ်.... ကျုပ်သိလိုက်ပီ.. အဲဒါနဲ့ ကျုပ်လဲ အမိန့်ပြန်တမ်းတွေ..ထုတ်.. .. ပြီးတာနဲ့ ..
ပြုစားထားသူမည်သူမဆို ငါရှေ့အရောက် ချက်ချင်းရောက်စေ... အထက်ဆရာကြီးနဲ့ ငါအောင်မြတ်သာရဲ့ အမိန့် ဆိုပြီး... ကြမ်းပြင်ကို လက်နဲ့ ပုတ်လိုက်တာ...
ခဏနေတော့... ပြုစားခံနေရတဲ့ လူနာက ဗြုန်းဆို ထထိုင်ပြီး.... ကျွန်တော်ကို.. မျက်ထောင့်နီကြီး နဲ့ ကြည့်နေတာ...ပြီးတော့..
ဘာတုန်း...ကျုပ်ကိုခေါ်ပြီး ဘာလုပ်မလို့တုန်း...
ရုတ်တရက်ကြီး ထထိုင်ပြီး အဲလိုမေးတော့ ဘေးမှာထိုင်နေတဲ့လူတွေ အားလုံး လန့်သွားတယ်
ကျုပ်လဲ ဆရာကြီးကို လှမ်းကြည့်ပြီး ပြုံးပြလိုက် တယ်.... ဆရာကြီးကလဲ ကျုပ်ကို ခေါင်းပြန်ဆတ် ပြတယ်... ငါ ရှိနေတယ်ဆိုတဲ့သဘောပေါ့...
အဲဒါနဲ့ ကျုပ်လဲ.... မင်းဘယ်သူလဲ... ဘာအတွက်ကြောင့်..ဒီလိုလုပ်ရတာလဲ..
ဆိုပြီးမေးတော့... ကျုပ်မိသားစုအပေါ် ဒီမိန်းမက မျက်ရည်တွေ အကြိမ်ကြိမ်ကျအောင် မတရား နှိပ်စက်ခဲ့တာ... အဲအတွက်ကြောင့် ကျုပ်လုပ်ရတာ....
ကျုပ်ဒီလိုလုပ်တာကို မကျေနပ်ဘူးလား.... ဟားဟားဟားဟား.. ကျုပ်နဲ့ပညာချင်း ပြိုင်မလို့လား.... မလောက်လေး မလောက်စား ကောင်ကများ... နို့နံ့တောင် စင်သေးရဲ့လား ကိုယ့်ကိုယ်ကို မေးကြည့်ပါဦး ဆိုပြီး စလာတာနဲ့ ၀ုန်းဒိုင်းကျဲတော့တာပဲ... အဲဒါကို အောင်မြတ်သာက... ဘာမှမပြောပဲ.. လေထဲမှာ ၄ကွက်အင်း ၁ကွက် ဆွဲ လိုက်တာကို ဆရာကြီးတိက္ခက .လှမ်းမြင်လိုက်တယ်....
အောင်မြတ်သာလဲ စိတ်ကို စုစည်းပြီး .. မိမိဆွဲထားတဲ့ လေးကွက်အင်းကို ကြည့်လိုက်တာ လေထဲမှာ လေးကွက်အင်းက ရွှေရောင် တဖိတ်ဖိတ်တောက်ပြီးတော့ လွှင့်နေတာ... အောင်မြတ်သာအရှေ့မှာ ကာထားပေးတယ်... အောင်မြတ်သာလဲ မိမိဘက်က.. ပြင်ဆင်စရာ ရှိတာပြင်ဆင်ပြီးပြီဆိုတော့....
ကဲ .. ကျုပ်ပညာကို ခင်ဗျားအရင်စမ်းကြည့်လေ...
ခင်ဗျားနိုင်ရင်တော့ ကျုပ်အသက်ကို ခင်ဗျား ယူသွား...
တကယ်လို့ ခင်ဗျား ရှုံးခဲ့ရင်တော့ ခင်ဗျား ပညာတွေအားလုံးကို လှူသွားပါ .. ဘယ်လိုလဲ.. အဲလိုစိန်ခေါ်လိုက်ရော....
ဝင်ပူးနေတဲ့သူက... ဟက်ဟက်ဟက်ဟက်...
စိန်လိုက်လေ...ခင်ဗျား သေဖို့ပြင်တော့ ဆိုပြီး..
ဘေးမှာချထားတဲ့ မြေပဲလှော်တွေကို ယူပြီး ကျုပ်ဆီကို ပစ်ထည့်လိုက်တာ.... မြေပဲလှော်တွေက တ၀ီးဝီးနဲ့ တောကြီးပျားတွေ အဖြစ် ပြောင်းသွားတာ.... အဲဒါကို ကျုပ်ပဲ မြင်ရတယ်.... ဘေးလူတွေကတော့ မြေပဲနဲ့ လှမ်းပစ်တာပေါ့....အဲလိုပဲထင်တာ...
ကျုပ်မျက်လုံးထဲမှာ ပျားကောင်တွေ ၀ီးဝီး အော်ပြီး တုတ်ဖို့ ပျံလာတာ..မြင်နေရတယ်...
ဒါပေမယ့်... ကျုပ်ဆွဲထားတဲ့ လေးကွက်အင်း.. အနားရောက်တာနဲ့... ဘုတ်ဘုတ်ဆိုပြီး မြေပဲတွေ အဖြစ် ကြမ်းပေါ်ကျလာတယ်...
ပြီးပီလား... မပြီးသေးဘူးဗျ.. ဟိုကလဲ လက်မလျော့သေးဘူး.... ၀ုန်းဆို ထရပ်ပြီး... လက်နှစ်ဖက်ကို ဆန့်တန်းလိုက်တာ...
လက်ထဲကနေ အခိုးငွေ့တွေ ထွက်လာတာဗျာ.. ဘေးလူတွေကတော့ ဘာထလုပ်တာလဲပေါ့...
ဒါမယ့် ကျုပ်နဲ့ ဆရာကြီးကတော့ အားလုံး မြင်နေရတယ်... အဲလိုအခိုးငွေ့တွေကနေ ခွေးနက်ကြီးတစ်ကောင် ဖြစ်ပြီး ကျုပ်ဆီ မာန်ဖီပြီး ပြေးလာတာမြင်တော့ ဆရာကြီးက ကျုပ်ကို သတိထား ဆိုပြီး လှမ်းသတိပေးတာ.. ကြားလိုက် တယ်.... အဲဒီခွေးနက်ကြီးက ကျုပ်ကို တစစီ လုပ်ဖို့ပြေးအလာ.... ကျုပ်ဆွဲထားတဲ့ လေးကွက်အင်းထဲကနေ... ဗြုန်းဆို... ကိုးတောင်ကျားတစ်ကောင်..ခုန်ထွက်လာတာဗျာ. ကျုပ်ဖြင့် တစ်ခါမှ မမြင်ဘူးဘူး.... မာန်ဖီဟိန်းဟောက်ရင်းနဲ့ ခွေးနက်ကြီးကို..
ဝင်ဆွဲတာ.... ခွေးနက်ကြီးလဲ.. မနိုင်တော့.. ၀ုန်းဆို အိမ်အောက်ပြေးဆင်းပါလေရော... ပြုစားထားတဲ့ မိန်းမလဲ မနိုင်မှန်းသိတာနဲ့ ... ပူးကပ်နေတဲ့ ခန္ဓာကနေ ခွာပြီး..သူနေရာမှာ အမွှေးရှည်ရှည် သရဲတစ်ကောင်ကို ပြောင်းထည့်ပြီး ထွက်ပြေးတာ.... အဲဒါကို ဆရာကြီးနဲ့ ကျုပ်ကမြင်တော့... ကျုပ်ကလဲ ဘာလုပ်လို့ လုပ်ရမလဲ ကြောင်နေတုန်း... ဆရာကြီးက .. ထွက်ပြေးတဲ့ .. မိန်းမကို လက်ညိုးထိုးပြီး... ရပ်စမ်းးးလို့ဆိုတာနဲ့... ဟိုကပြေးလို့မရတော့ဘူး....
ဘေးမှာ ဘယ်ကဘယ်လို ရောက်လာတဲ့ ပုဂ္ဂိုလ်တွေလဲ မသိဘူး.... အဲဒီမိန်းမကို ချုပ်ထားတာ.....
အဲဒါနဲ့ ကျုပ်လဲ လူနာကို ကြည့်လိုက်တော့ လူနာကိုယ်ထဲမှာ... မကောင်းဆိုးဝါး တစ်ကောင် ၀င်ပူးနေပီ...
အဲမှာပဲ ကျုပ်ကို ဆရာကြီးက... အောင်မြတ်သာ.. အဲဒီကိစ္စ ငါကြိုသိနေတယ်.. ဒီလိုဖြစ်မယ်ဆိုတာ သိလို့.. ဆရာတော်ဆီက သင်္ကန်းတောင်း လာတာ...... ငါအဲဒီ ကောင်ကို ထုတ်ပြမယ်.. မင်း အတွက်လဲ နောက်ဆို အသုံးဝင်ကောင်း ၀င်လာပါ လိမ့်မယ်... ဟိုတစ်ယောက်ကိုတော့ ချုပ်ခိုင်းထား တယ်... သူဘယ်မှ သွားလို့မရဘူး....ဆိုပြီး..
ဆရာကြီးက သင်္ကန်းစကို သုံးစခွဲပြီး ကျစ်ဆံမြီး ပုံစံ... ကျစ်လိုက်တယ်... ပြီးတော့.. အောက်ခြေကို ခြေသုံးချောင်းဖြစ်အောင် လုပ်ပြီး ပန်းကန်တစ်ခုထဲမှာ ထောင်ထားလိုက်တယ်... ပြီးတာနဲ့ သူဆွဲနေတဲ့ အင်းစမစာလုံးတွေကို မနားတမ်း ရွတ်တော့တာပဲ... ဘယ်နှစ်ခေါက်မှန်း ကျွန်တော်လဲ မသိတော့ဘူး... ပြီးတာနဲ့... ပန်းကန်ထဲကို ဆီလောင်းထည့်ပြီး....အဲဒီ သင်္ကန်းစကို မီးရှို့လိုက်တယ်.... သင်္ကန်းစက တမြေ့မြေ့ လောင်ကျွမ်းလာတာ.... ကုန်ခါနီး လေလေ.. ၀င်ပူးနေတဲ့ကောင်က ဂနာမငြိမ် ဖြစ်လေပဲ.... မကြာပါဘူး... သင်္ကန်းစလဲ ကုန်.. အဲဒီ ၀င်ပူးနေတဲ့ ကောင်လဲ.... ထွက်ပြေးတာပဲ... ကျွန်တော်သိလိုက်ပီ... ဆရာကြီးက အမိန့်သုံးပြီး ထုတ်လို့ရရဲ့သားနဲ့ ကျွန်တော်သိအောင် တမင် လက်တွေ့ စမ်းပြတာ... နောက်ပြီး ဆရာကြီးပြောတယ်... အဲဒါ သင်္ကန်းသုံးချောင်း ထောက် ဖုတ်ထုတ်နည်းတဲ့.... ဖုတ်ဝင်လဲ အဲဒီနည်းကို သုံးပြီးထုတ်လို့ရတယ်လို့ ပြောပြ တယ်...
နောက်တော့ ချုပ်ထားတဲ့ သူကို ပြန်ခေါ်....သူပြုစားထားတဲ့ ပညာတွေကို ပြန်နှုတ်ခိုင်းပြီး မေးမှ... ဖြစ်ကြောင်းကုန် စင်ကို သိရတယ်.... အခုခံစားနေရတဲ့ သူက အတိုးချေးစားတာ... မတရားအတိုးတွေ ယူ... ဖြစ်ချင်တော့ အခုပြုစားထားတဲ့ သူဆီက အတိုးမပေးနိုင်လို့ .. သူတို့သားအမိ ထမင်းစားနေချိန် လာပြီး ထမင်းပန်းကန်ကို လွှင့်ပစ်လိုက်လို့ ... အခုလိုလုပ်ရတာဖြစ်ကြောင်း..
သူအနေနဲ့ ဆရာတို့ကို မနိုင်သဖြင့် ပညာတွေ အကုန်ပြန်ယူသွားမယ်... ဆိုတော့ ဆရာကြီးက သာဓု ၃ ကြိမ် ခေါ်လိုက်တယ်... နောက်တော့ ပညာတွေ ဘုရားမှာ လှူခိုင်းတော့.... သူက မလှူဘူး... သူပညာတွေကို သူမလှူဘူး.... ကျွန်တော်နဲ့ ဆရာကြီးလဲ အတန်တန် နားချသော်လည်း... မလှူပဲ... သူကိုယ်သူ သတ်သေသွားတယ်.... ကျုပ်လဲတော်တော် စိတ်မကောင်းဖြစ်သွားတယ်... ကျုပ်တို့ကြောင့် လူတစ်ယောက် သေဆုံးသွားရပီ... ကျုပ်တို့ မဖြောင်းဖျနိုင်ခဲ့လို့ဆိုပြီး စိတ်လဲထိခိုက်သွားတယ်... အဲဒါနဲ့ လူနာလဲ ပြန်ကောင်းသွားတယ်.... ကျုပ်လဲ အဲလို ကုတဲ့ ဘက်ကို စိတ်သိပ်မလည်တော့ဘူး....
သမထလုပ်တဲ့ အလုပ်ကိုပဲ တစ်စိုက်မတ်မတ် လုပ်ခဲ့မိတယ်.... ကျုပ်ရဲ့စိတ်ကလဲ သမထအပေါ် သာယာလာခဲ့တယ်... အမြဲတမ်း အချိန်ပြည့် တရားထိုင်နေရရင် ဘာဆို ဘာမှ မသိလောက် အောင်... တည်ငြိမ်အေးချမ်းလာခဲ့တယ်... ဆရာကြီးကတော့ မေးပါတယ်... မင်း ထွက်ရပ်လမ်းစဉ်လိုက်မလို့လားတဲ့....
ကျုပ်လဲ ဟုတ်တယ်လို့ ပြန်ဖြေလိုက်တယ်.... ကျုပ်နောင်ပွင့်တဲ့ ဘုရားကို စောင့်ပြီး ဖူးမျှော်ချင် တယ်လို့ ပြောလိုက်တယ်...
တစ်နေ့ ကျုပ်တရားထိုင်နေတုန်း.... ကျုပ်စိတ်က နေရာတစ်ခုကို ရောက်သွားတယ်... အဲဒီနေရာက အရမ်းအေးချမ်းပြီး ကျေးငှက်တွေ အော်မြည်သံ ကလွဲပြီး တိတ်ဆိတ်နေတယ်....
အဲဒီမှာ ကျုပ်တွေ့လိုက်ရတာက... ဆာဒူးကြီးတွေ ၀တ်ဖြူစင်ကြယ်နဲ့ပုဂ္ဂိုလ်တွေ.. ယောဂီဝတ်စုံနဲ့ လူတွေ ဥဒဟို သွားလာလှုပ်ရှားနေကြတယ်... ကျုပ်လဲ လိုက်ငေးနေတုန်း..... ဟေ့ ကောင်လေး.. ဆိုပြီး ကျုပ်ပခုံးကို လာပုတ်လို့ လှည့်ကြည့် လိုက်တာ..... ဆရာတော်တစ်ပါးပဲဗျ... မျက်လုံးက တစ်ဖက်က သေးပြီး တစ်ဖက်က ကြီးနေတယ်.. အဲဒီဆရာတော်က ဟေ့ကောင်လေး.. မင်းဒီကို ဘာလာ လုပ်တာလဲ... မင်းလာဖို့ အချိန်မတန် သေးဘူး.... သွားသွားး.ပြန်တော့ ပြန်တော့ ဆိုပြီး ကျုပ်ကို မောင်းထုတ်တယ်.....
ကျုပ်လဲ ဆရာတော်က ဘယ်သူလဲလို့ မေးလိုက် မိတယ်... အဲလိုမေးလိုက်တော့..
ဆရာတော်က ငါ့နာမည်က ... အရှင်အဇ္ဇဂေါဏ..
ဟင်...... အရှင်အဇ္ဇဂေါဏဟုတ်လား... ဒါဆို ဒါဆို...အခုကျွန်တော်ရောက်နေတဲ့ နေရာက ??
အပိုင်း ၆ ဇာတ်သိမ်ပိုင်း
. ဆက်လက် ရှုစားပါရန်....

ဇေယန ( ရာမည )

Comments

Popular posts from this blog

အောင်မြတ်သာနှင့်တွေ့ဆုံခြင်း

အောင်​မြတ်​သာနှင့်​​မဟာမြိုင်​​တောသို့အလည်​တစ်​​ခေါက်

ရွှေပြည်​​တော်​သို့အဝင်​(အပိုင်း ၅)ဇာတ်​သိမ်း