ဘုံဘ၀မှာဖြင့် အပိုင်း ( ၃ )

ဘုံဘ၀မှာဖြင့် အပိုင်း ( ၃ )

အဘိုးခင်က အောင်မြတ်သာရဲ့ဘ၀ ဇာတ်ကြောင်းကိုမေးတော့.....အောင်မြတ်သာက.
အဘိုးခင် မှတ်မိသေးလား... ထွေးငယ်လေး အသုဘချတဲ့နေ့က အဘိုးခင် ကျွန်တော်ကို ပြောခဲ့တာလေ...
ဟေ.. ဘာများပြောခဲ့လို့လဲ.. နှစ်တွေကကြာတော့ မမှတ်မိတော့ဘူး...ဆိုစမ်းပါဦး အဘိုးခင် ဘာများ ပြောခဲ့တာလဲ..
အဘိုးခင်က ထွေးငယ်ဆုံးတာ သာမန်ရောဂါ မဟုတ်ဘူးလို့ ပြောခဲ့တယ်လေ..
သူများပြုစားတာလို့ ပြောခဲ့တာ... အဲလိုပြော တော့ .. ကျွန်တော်လဲ အဲလိုပြုစားခံရတဲ့ သူတွေကို ကျွန်တော် ညီမလေးလို.. မခံစား စေရဘူးဆိုတဲ့ စိတ်ဖြစ်လာတယ်... အဲဒီစိတ်ကြောင့် ကျွန်တော် ရက်လည်တဲ့နေ့မှာပဲ အိမ်က ထွက်ခဲ့တာ..
မေမေစိတ်ပူမယ်ဆိုတာလဲ သိပါတယ်.. ဒါပေမယ့် ကျွန်တော် ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်နဲ့ အရဲစွန့်ပြီးထွက်သာထွက်လာတာ...
ဘယ်ကို သွားလို့ ဘယ်သူဆီက ဘာပညာသင် ရမှန်းမသိခဲ့ဘူး... လက်ထဲမှာလဲ ကျွန်တော်စုထား တဲ့ ပိုက်ဆံအနည်းငယ်ပဲ ရှိတော့... ဘယ်မှလဲ မသွားတတ်.. မလာတတ်နဲ့..
တွေ့ရာကား တားစီးပြီး.. ထွက်လာတာ.. မြို့တစ် မြိုကို ရောက်တော့ ကားကဆက်မထွက်တော့ဘူး. အဲဒါနဲ့ ကျွန်တော်လဲ ခြေဦးတည့်ရာ လျောက်သွား နေရင်း.. ပင်ပန်းပြီး.အိပ်ချင်တာနဲ့.. မြို့အ၀င် ဘုရားရဲ့ ဇရပ်လေးမှာ အိပ်ပျော်သွားတယ်..
ဘယ်လောက်ကြာကြာ အိပ်ပျော်သွားလဲ.. မသိဘူး.. နိုးလာတော့.. ကျွန်တော်ဘေးမှာ အဖိုးကြီးတစ်ယောက်.. လာအိပ်နေတာ.. ရင်ဘတ်မှာလဲ အင်းကွက်ကြီးတွေ အဖွေးသားနဲ့ ကွမ်းစားထားတဲ့ ပါးစပ်ကနီရဲနေတာ... ၀တ်ထားတဲ့ အ၀တ်အစားတွေက စုတ်ပြဲပြီး လက်နှီးစုတ်သာသာပဲ အရောင်အဆင်းရှိတာ...
ကျွန်တော်ကလဲ လူဆိုးလား လူကောင်းလား.. မခွဲခြားတတ်တော့ဘူး...
သူကိုမြင်တော့.. ကိုယ့်နဲ့ ဘ၀တူတစ်ယောက်လို အားကိုးလိုတဲ့ စိတ်တွေ ဖြစ်လာတယ်....
အဘိုးခင်ကတော့ ကျွန်တော်ပြောသမျှကို ခေါင်းလေး တဆတ်ဆတ်နဲ့ နားထောင်နေတယ်.
အဲဒီအချိန်.... အဘိုးခင်.. အဘိုးခင်... ဗျို့ အဘိုးခင်...
ဟေ.. သာဒိုး ဘာဖြစ်တာလဲ.. အမောတကော အလန့်တကြားနဲ့...
ဟို..ဟို.. ဒေါ် ဒေါ်..ဒေါ်.
ဟာ..ဒီကောင်ကွာ.. ဖြေဖြေးပြောစမ်းပါ...
ဘယ်သူဘာဖြစ်လို့လဲ...
ဟို.. ဒေါ်ဘုမ..ဒေါ်ဘုမ .. ကိုယ်မှာ အရှိုးရာတွေ အများကြီးပဲ... အဲဒါသူ ဆေးလိမ်းနေတုန်း.. ကျွန်တော်တွေ့လာတာ...
ဟေ.. ဟုတ်လား.. နေစမ်းပါဦး မင်းက ဘယ်လို တွေ့တာလဲ...
ဟိုလေ..ဟို.. ဟီးဟီး သူသမီးကို သွားခိုးကြည့်တာ အဲဒါနဲ့ တွေ့လာတာ...
ဖြစ်ရမယ်. ဒီကောင်တော့... ထားလိုက်.. သူဘာသာ တစ်ခုခုဖြစ်လို့ ဆေးလူးတာနေမှာပေါ့..
မဟုတ်တာတွေ ရွာထဲ လျောက်မပြောနေနဲ့ဦး.. သွား သွားတော့ လို့ပြောပြီး အဘိုးခင်က အောင်မြတ်သာကို ခေါင်းလေးဆတ်ပြလိုက်တယ်
အောင်မြတ်သာက ပြုံးရုံလေး ပြုံးလိုက်ပြီး... အဘိုးခင်.. စကားကပြတ်သွားတာ.. ပြန်ဆက် ရအောင်....
အေးး. ဆက်ပြောကွာ.. ငါလဲ စိတ်ဝင်စားတုန်း.. ဟိုကောင် လာရှုပ်လို့...
အင်း... ကျွန်တော်လဲ သူနိုးလာတာကို ထိုင်စောင့် နေလိုက်တယ်..
ခဏနေတော့ သူနိုးလာတယ်... ပြီးတော့ ကျွန်တော့်ကို စကားမပြောပဲ လွယ်အိတ်ထဲက ငှက်ပျောသီးတစ်လုံးထုတ်ပေးတယ်...
လူလေး စားလိုက် မင်းကြည့်ရတာ ဗိုက်ဆာနေတဲ့ ပုံပဲ.. စားပြီးရင်.. ဟိုမှာ ရေအိုးထဲကရေ သောက်လိုက်... ဆိုပြီးပြောတော့..
ကျွန်တော်လဲ ဆာနေတာနဲ့ ငှက်ပျောသီးတစ်လုံး စားပြီး ရေသောက်လိုက်တော့.. နည်းနည်းနေသာ ထိုင်သာရှိသွားတယ်...အဲဒါနဲ့ အဲဒီလူကြီးက.
မင်းကြည့်ရတာ ဒီမြို့က ဟုတ်ပုံမပေါ်ဘူး...
မင်းဘယ်ကလာတာလဲ... ဘာလုပ်ဖို့လဲ မေးတော့ ကျွန်တော်လဲ ဖြစ်ကြောင်းကုန်စင်ပြောပြပြီး ကျွန်တော်အဲလို ပညာတွေတတ်ချင်တယ် ဆိုတဲ့ အကြောင်းပြောပြလိုက်တယ်.....
အဲလိုပြောတော့.. အဲဒီလူကြီးက... ဟားးဟားးးဟားးးဟားးး
ဒါဆို ငါ့အိမ်မက်က မှန်နေပီပေါ့....
ဗျာ... ဘယ်လို..
အေး... ဟုတ်တယ်.. ကောင်လေးတစ်ယောက် ဒီဘုရားပေါ်လာလိမ့်မယ်တဲ့... အဲဒါသွားခေါ်လိုက် ဆိုပြီးမက်လို့... ငါရောက်လာတာ...ခုတော့ တကယ်ဖြစ်နေပီပေါ့...
ဗျာ... ဒါဆို.. ဦးလေးက ကျွန်တော်လာမှာ ကြိုသိနေတာပေါ့...
အေး..ဆိုပါတော့ကွာ... ဒါနဲ့ မင်းနာမည် ဘယ်လိုခေါ်လဲ...မေးတော့.
အောင်မြတ်သာပါ..
ဦးလေးနာမည်ကကော... အေး.. ငါ့နာမည်က ဦးတိက္ခတဲ့ မှတ်ထား...
မင်းရဲ့ရည်ရွယ်ချက်က လူတွေကို ကယ်တင်ဖို့ ဆိုတော့... အဲဒီပညာတွေ သင်ချင်လား...
ဟာ..သင်ချင်တာပေါ့ .. ဦးလေးက သင်ပေးမှာလား....လို့မေးတော့..
အေးး ငါကတော့ အစပဲ သင်ပေးမှာ.. နောက်ပိုင်းကျတော့ ကိုယ့်ဘာသာ ကိုယ် လေ့ကျင့်ရမှာ.... မင်းကို အခုအခြေခံ သင်ပေးမယ်... ဒီတိုင်းတော့ မရဘူးနော်...
လာခဲ့.. ဘုရားရှေ့မှာထိုင်... သစ္စာဆိုရမယ်..
ဆိုပြီးတော့ ငါးပါးသီလကို အရင်တိုင်ပေးတယ်.. နောက်တော့.. အသက်မသက်ဖို့ ကတိတောင်း တယ်... ပြီးတာနဲ့ လွယ်အိတ်ထဲက ဆီစိမ်စက္ကူ လေးထောင့်ရွက်သေးသေးလေး ထုတ်ပြီး... မီးရှို့လိုက်တယ်... ကျလာတဲ့ ပြာကို ရေနဲ့ဖျော်ပြီး ကျွန်တော်ကိုတိုက်တယ်....
ကျွန်တော်လဲ သောက်ပြီးကော...သူက
မင်း အခုကစပြီး ငါတို့ ဂိုဏ်းသားဖြစ်သွားပီ... မင်းခုနကသောက်တဲ့ အင်းက အခြေခံဂိုဏ်းသား တွေအဖြစ်အသိအမှတ်ပြုတဲ့ သဘောပဲ.... စသည်ဖြင့်ပြောတော့...
ကျွန်တော်က ဆရာကြီးတို့ဂိုဏ်းနာမည်က ဘာလဲလို့ မေးတော့....
မင်းက ဂိုဏ်းသားဖြစ်သွားပီဆိုတော့ ပြောပြရမှာပေါ့....
ငါတို့ဂိုဏ်းနာမည်က အင်းတော်ကြီးဂိုဏ်းတဲ့
( နာမည်လွှဲ ) ငါတို့ဂိုဏ်းက အောက်လမ်း.. စုန်း.. ကဝေ.. ဇော်ကနီ.. ဇော်ကနက်.. မောက်လုံး.. မောက်ပြား.. အတွင်း ၃၇မင်း.. အပြင် ၃၇ မင်း.. အားလုံးကို အမိန့်ပေးလို့ရတယ်... အဲလိုအမိန့် ပေးနိုင်ဖို့ကလဲ... ကြိုးစားလေ့ကျင့်ရမယ်... ဆိုတော့ ကျွန်တော်လဲ ဘယ်လို လေ့ကျင့်ရမှာလဲ . ကျွန်တော် လုပ်မယ်ပေါ့.. အဲလိုပြောတော့...
ဆရာက.. ဆီစိမ်စက္ကူလေးတစ်ရွက်ထုတ်ပေးတယ်....
ပြီးတော့ ခဲတံလေးတစ်ချောင်း..
အဲဒီခဲတဲနဲ့ ဒီစာရွက်ပေါ်မှာ အင်းကွက်တွေ ရေးရမယ်... အဲလိုရေးတဲ့အခါမှာလဲ စိတ်ကို ဒီထဲမှာပဲ... နှစ်ထားရမယ်..မပြန့်လွင့်ရဘူး... တစ်နေ့ကို ရေးနိုင်သလောက်ရေးရမယ်.. အင်းကွက် ၁၀၈ ကွက်ရေးနိုင်ပီဆိုရင် အဲဒီ အင်းတွေကို မီးရှို့ပြီး သောက်ရမယ်... မင်းရဲ့ရင်ထဲမှာ အင်းစမတွေနဲ့ စေတီတည်တယ် ဆိုတဲ့ သဘောထားရမယ်...
အဆင့်ကတော့ စေတီတစ်ဆူတည်ပြီးတာနဲ့.. တစ်ဆင့်တက်မယ်... မင်းရေးရမယ့် အင်းကို .အခုတော့ ငါပြောပြမယ်... ပထမဆုံးဖြစ်တဲ့ အတွက် လေးကွက်အင်းဆွဲရမယ်.. ပြီးတော့ အဲဒီအကွက်လေးကွက်မှာ.. စမအက္ခရာတွေ ရေးရမယ်... အားလုံးလေးကွက်အင်း ၁၀၈ ကွက် ဆွဲရမယ်.... ဘယ်လိုလဲ မင်းသဘောပေါက်ပီလား ဟုတ်ကဲ့ .. ကျွန်တော် သဘောပေါက်ပါပီ... ခုလောလောဆယ် မင်းဒီဇရပ်မှာ ငါနဲ့တူတူ နေရမယ်.. ဒါကအထက်ဆရာကြီးတွေရဲ့ လမ်းညွှန်ချက်ပဲ...ကဲ.. ခုကစပြီးဆွဲတော့...
ကျွန်တော်လဲ မဆွဲတတ်ဆွဲတတ်နဲ့ စဆွဲတော့.. အစပိုင်းမှာ အထိုင်မကျဘူး လေးကွက်အင်း ၅ကွက် ၆ကွက်လောက် ဆွဲပြီးတော့.. နည်းနည်း အဆင်ပြေလာတယ်.... ဆီစိမ်စက္ကူက အကြီးကြီး တစ်ကွက်ဆွဲတိုင်း ပါးစပ်ကလဲ... ဆွဲတဲ့ စမ အက္ခရာတွေကို ရွတ်ရတယ်... ဆရာကတော့ စိတ်မပျံ့လွင့်အောင် ရွတ်ခိုင်းတယ်ဆိုပဲ...
ကျွန်တော်ဆို ဆွဲနေရင်း စိတ်က အမေဆီရောက်လိုက်... ရွာက သူငယ်ချင်းတွေ ဆီရောက်လိုက်...စိတ်က ဂနာမငြိမ်ဘူး... တစ်ခါတစ်လေ ထွေးငယ်လေးရဲ့ မျက်နှာကို မြင်လာတယ်.... တစ်ရက် နှစ်ရက် သုံးရက် မြောက်တဲ့နေ့မှာ ကျွန်တော် စိတ်တွေ နည်းနည်း တည်ငြိမ်လာတယ်... လေးရက်မြောက်နေ့မှာ ကျွန်တော် လေးကွက်အင်းကို အောင်အောင်မြင်မြင်ဆွဲနိုင်ခဲ့တယ်.... ပြီးတော့ ဆရာက လေးကွက်အင်း ၁၀၈ ကွက်ကို မီးရှို့ ရေဖျော်ပြီး ကျွန်တော့်ကို တိုက်တယ်...ပြီးတော့.
မင်း ရင်ထဲမှာ စေတီ ၁ဆူတည်ခဲ့ပြီးသွားပီ...မင်း အဲလိုစေတီ ၁၀၈ ဆူတည်ရမယ်... ၁၀၈ ဆူတည်ပြီးတဲ့နေ့ ..မင်းကို ဘယ်စုန်းကဝေ နတ်စိမ်းတွေကမှ မယှဉ်ရဲ တော့ဘူး...စေတီ ၁၀၈ ဆူတည်ဖို့ဆိုတာ အနည်းဆုံး..၅နှစ်လောက်ကြာလိမ့်မယ်... အဲဒါတစ်ခုထဲနဲ့လဲ မရဘူး... ကျင့်ကြံအားထုတ် ရမယ်.... စေတီ တစ်ဆူတည်ပြီးတိုင်း သက်သက်လွတ်အဓိဌာန် ၁ပတ်ဝင်ရမယ်... တရားထိုင်ရမယ်....အဲလိုထိုင်တဲ့အခါမှာ မင်းကို နောက် ၈ကွက်အင်းတက်ဖို့.. ဆရာတွေက စမအက္ခရာတွေ လာပေးလိမ့်မယ်... အဲလိုလာပေးမှ မင်းအဓိဌာန်ကို ဖျက်ရမယ်.. မပေးမချင်း မင်းဆက်ဝင်ရမယ်... မင်းရဲ့ စိတ်တည်ငြိမ်မှု.. သမထအားကောင်းမှုအပေါ် မူတည်တယ်... ကြိုးစားရင် ကြိုးစားသလို မင်းအတွက် ထူးခြားလာမှာပဲ.... ခုမင်းက ၄ကွက်အင်းနဲ့ စေတီတည်ခဲ့ပီ ဆိုတော့ အဓိဌာန် နက်ဖြန်ကစပြီး ၀င်ရမယ်..... ဆိုပြီး သေချာရှင်းပြ တော့.. ကျွန်တော်က .. ဆရာကြီးကကော... စေတီ ဘယ်နှစ်ဆူ တည်ပြီးပြီလဲ... အင်းကွက်ကော ဘယ်နှစ်ကွက်ဆွဲနေရလဲဆိုပြီး မေးတော့....
ငါက စေတီ ၉၉ ဆူတည်ပြီးပြီ... အင်းစမကွက်.. ၆၂ကွက်ဆွဲနေတယ်... ကဲ ဘာထပ်သိချင်လဲ...
ဟားဟားဟားးးးဆိုပီး ၀မ်းခေါင်းသံကြီးနဲ့ ရီလိုက်တာ ကျွန်တော် ကြက်သီးမွှေးညှင်းတွေပါ ထလာခဲ့တယ်...
ဒါဆို ဆရာကြီးက .. စုန်းတွေ ကဝေတွေ နိုင်တာပေါ့နော်....လို့မေးတော့ ဆရာကြီးက ကွမ်းတစ်ယာကို ပါးစပ်ထဲ ထိုးထည့်ပြီး... ပလုပ်ပလောင်းအသံနဲ့ နောက်တော့ မင်းသိလာမှာပေါ့ကွာ... ခုတော့ အဓိဌာန်ဝင်ဖို့ ပြင်ဆင်ထားဆိုပြီး ... ဇရပ်ဘေးက ဘုရားမှာ တရားထိုင်ဖို့ ထွက်သွားပါလေရဲ့.....
နောက်နေ့ကစပြီး ကျွန်တော်လဲ တရားထိုင် အဓိဌာန်ဝင်...တာပဲ.. တစ်နေ့ကို ၃နာရီတစ်ခါ ၄ကြိမ် တရားထိုင်ရတယ်... အစပိုင်းတော့ မထိုင်နိုင်ဘူး... ၂ရက် ၃ရက်လောက် ကြာတော့ စိတ်ကအရမ်းတည်ငြိမ်လာတယ်.... အေးချမ်းလာတယ်... မထချင်တော့လောက်အောင် သမာဓိက ကောင်းလာတယ်.... ၄ရက်မြောက်နေ့မှာတော့.. ကျွန်တော်အာရုံထဲမှာ... ပိတ်ဖြူစင်ကြယ်နဲ့ အဘိုးတစ်ယောက် လာပြီး လူလေး.. မင်း အဓိဌာန်ပြီးတာနဲ့ ဒီ ၈ကွက်အင်းကို ဆွဲရမယ်.. ဆိုပြီး ကျွန်တော်လက်ထဲကို ဆီစိမ်စက္ကူ အင်းကွက်လေး လာပေးသွားတယ်..... ကျွန်တော်လဲ တရားဖြုတ်တော့ အဲဒီအကြောင်း ဆရာကိုပြောမယ်ဆိုပြီးအထ လက်ထဲမှာ တစ်ခုခု ရှိနေသလို ခံစားမိတာနဲ့ ကြည့်လိုက်တာ.... အာရုံထဲမှာ လာပေးသွားတဲ့ အင်းစမ ၈ကွက်ကို အကျအန ဆွဲထားတာ... အဲဒါနဲ့ ကျွန်တော်လဲ ၀မ်းသာအားရ ဆရာကို ပြောမလို့လုပ်တော့... ဆရာက.. လက်ကာပြတယ်...
အောင်မြတ်သာ.. ငါသိတယ်.. မင်းမှာပါရမီရှိတယ် ငါတုန်းကဆို အဲလို ၈ကွက်အင်းတက်ဖို့ ၁၆ရက်တိတိ အဓိဌာန်ဝင်ရတယ် .. မင်းက ၄ရက်ထဲနဲ့ အင်းစမ..ချီးမြင့်တာခံရတယ် ဆိုတော့... မင်းဆက်ကြိုးစား..
အောင်မြင်လာလိမ့်မယ်ဆိုပြီး.. ဆရာက ချီးကျူးတယ်...
နောက်ပိုင်းကျွန်တော်လဲ အချိန်ရရင် ရသလို အင်းစမကွက်တွေ ထိုင်ဆွဲနေတော့တာပဲ... တစ်ဆင့်တက်တိုင်း.. အာရုံထဲကို တစ်ခါ စမအင်း ကွက်တွေ လာလာပေးတယ်...
၎လမြောက်တဲ့နေ့မှာ... ကျွန်တော် အင်းစမ ၁၆ကွက်ထိ တိုးလာတယ်.... စေတီ ၅ဆူတည်ပြီး သွားပီ...
ဆရာကတော့ ပြောတယ် အင်းစမ ၆၂ကွက် ရောက်ပီဆိုရင် ထပ်မတက်ရတော့ဘူးတဲ့ စမစာလုံးတွေပဲ ပြောင်းရေးရမယ်တဲ့... တစ်ခါတစ်ခါဆို ကျွန်တော် အင်းကွက်တွေ ရေးနေတဲ့အချိန် အနားမှာ ၀တ်ဖြူစင်ကြယ်နဲ့ ပုဂ္ဂိုလ်တွေ... ဇော်ဂျီတွေ .. တစ်ခါတစ်လေ သင်္ကန်းဝတ်တွေနဲ့ ဆရာတော်တွေ သွားလာနေတာ မြင်ရတယ်...
ကျွန်တော်ရေးတဲ့ စမအင်းကွက်တွေကနေလဲ တစ်ခါတစ်ခါ အရောင်ပြိုးပြိုးပျက်ပျက်.. အလင်းတန်းတွေ ထွက်လာတတ်တယ်...
ကျွန်တော်ကလဲ.. ကျွန်တော်အဆင့်ဘယ်လောက် ရောက်နေပီဆိုတာ... စမ်းသပ်ကြည့်ချင်တဲ့ စိတ်တွေ တဖွားဖွားဖြစ်လာတယ်...
တစ်နေ့တော့ ကျွန်တော်အဆင့်ကို ကျွန်တော်စမ်းသပ်ခွင့်ရခဲ့တယ်....
ဆရာကြီးက ဆီစိမ်စက္ကူ ၀ယ်ခိုင်းလို့ ဈေးထဲမှာ သွားဝယ်ပြီးအပြန်.. ဈေးထိပ်က အိမ်မှာ လူစုစုရုံးရုံးဖြစ်နေတော့ ဘာဖြစ်လဲဆိုပြီး သွားကြည့်တော့... ကောင်မလေးတစ်ယောက်.. မျက်လုံးတွေနီပြီး သွားရည်တွေတမြားမြားကျနေတာ.... ပါးစပ်ကလဲ ၀ူးဝူးဝါးဝါး အော်နေတယ်.... ၀ိုင်းဆွဲနေတဲ့ လူကြီး ၅ယောက်က ကောင်မလေးကိုယ် သေးသေးလေးကို မထိန်းနိုင်ဘူး..... မိဘတွေကတော့ ဘာလုပ်ရမှန်းမသိဘူးလေ...
ကျွန်တော်ကတော့ သိလိုက်ပီ ဒါအပ မှီနေပီ..
တော်ရုံတန်ရုံတော့မဟုတ်ဘူး... သရဲက တော်တော်ရင့်နေပီ... ပြောနေရင်းကောင်မလေး က သူ့ကိုအမဲသား ၃ပိဿာ ချက်ကျွေး ခုချက်ချင်း မကျွေးရင် ဒီကောင်မလေးအသက်ကို နှုတ်မယ် ဆိုပြီးပြောတော့ ကျွန်တော်လဲ မနေသာတော့ဘူး ကျွန်တော် လူကြားထဲကို တိုးပြီး ... ကောင်မလေး အရှေ့မှာရပ်လိုက်တယ်.. ကျွန်တော့်ကို မြင်တယ်ဆိုရင်ပဲ ၀င်ပူးနေတဲ့ ကောင်မလေးက...?????
အပိုင်း ( ၄ ) ဆက်လက်ရှုစားပါရန်..

ဇေယန ( ရာမည )

Comments

Popular posts from this blog

အောင်မြတ်သာနှင့်တွေ့ဆုံခြင်း

အောင်​မြတ်​သာနှင့်​​မဟာမြိုင်​​တောသို့အလည်​တစ်​​ခေါက်

ရွှေပြည်​​တော်​သို့အဝင်​(အပိုင်း ၅)ဇာတ်​သိမ်း