ဘုံဘ၀မှာဖြင့်အပိုင်း ( ၄ )
ဘုံဘ၀မှာဖြင့်အပိုင်း ( ၄ )
အပမှီနေတဲ့ကောင်မလေးက ကျွန်တော့်ကို မြင်လိုက်တယ်ဆိုရင်ပဲ... နီရဲနေတဲ့ မျက်ထောင့်နီ ကြီးနဲ့.. အံတကြိတ်ကြိတ်ကြည့်ပီး......
ထွက်သွား.. ငါ့ရှေ့ကထွက်သွားစမ်း.. ဟင်းဟင်း ဆိုပြီး အသံနက်ကြီးနဲ့အော်တော့.. အိမ်ရှင်တွေက. ကျွန်တော်ကို.. ကောင်လေး မင်း ဘယ်ကလဲ.. ဒီမှာ ဘာဖြစ်လို့ဖြစ်မှန်းမသိတဲ့ အထဲ.. မင်းက အရှေ့မှာ လာရှုပ်နေတယ်...
ခဏလေး .. ဒီကောင်မလေး မိဘတွေ ဘယ်သူလဲ အခုဖြစ်နေတာ သွေးရိုးသားရိုး မဟုတ်ဘူး.. အပမှီနေတာ... မထုတ်ရင် ခင်ဗျားတို့သမီး ဒုက္ခ ရောက်သွားလိမ့်မယ်.. လို့ပြောတော့..
ကောင်မလေးရဲ့ မိဘတွေ ကျွန်တော်နားကို ရောက်လာပြီး ကောင်လေး မင်း ကုတတ်ရင် ကုပေးပါဦး...
ဘေးက လူတွေကတော့ ကျွန်တော်အပေါ် သိပ်မယုံကြဘူး.. လူကလဲ ငယ်သေးတာကိုး..
မယုံတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတယ်... ဒါနဲ့ ကျွန်တော်လဲ.. ဘုရားစင်ရှေ့မှာထိုင်ပြီး.. ကောင်မလေးကို စိုက်ကြည့်လိုက်တော့.. အသံနက်နဲ့ဝူးဝူးဝါးဝါးအော်နေတဲ့ ကောင်မလေးက.. မအော်တော့ပဲ ကျွန်တော့်ကို မျက်ထောင့်နီကြီးနဲ့စိုက်ကြည့်နေတာ... ကျွန်တော်တောင် ကြောက်စိတ်ဝင်လာတယ်.. ဒါပေမယ့် ကိုယ်ရဲ့အစွမ်းကို စမ်းသပ်ချင်တာကြောင့်.... ကောင်မလေးရဲ့ မျက်နှာကို စိုက်ကြည့်ပြီး....
အထက်ဆရာကြီးများရဲ့အမိန့် ငါအောင်မြတ်သာ ရဲ့ အမိန့်... ငါအမိန့်ပေးတယ်.. ခုဝင်ပူးပြီး သူများကို ဒုက္ခပေးနေတာ ဘယ်သူလဲ.. မှန်မှန်ဖြေစမ်း... လိမ်လည်ပြောဆိုပါက.. မီးလောင်ကျွမ်းပြီး ပြာအတိဖြစ်စေ... ကဲ. ပြောစမ်း မင်းဘယ်သူလဲ..ဆိုပြီး.. ကြမ်းပြင်ကို လက်ဖ၀ါးနဲ့ ပုတ်လိုက်တာ.... ၀င်ပူးနေတဲ့ကောင်မလေးက. တဟင်းဟင်း မာန်ဖီရင်း.. တောက်... ဒီမလောက် လေးမလောက်စားကောင်လေးကို ငါလိမ်ပြောရင် မီးလောင်ပြာကျမှာဟေ့.... အေး.ပြောမယ်.. မလိမ်ရဲဘူး... မလိမ်ဘူး...
ငါက ဈေးထိပ်က သရက်ပင်မှာနေတဲ့ ငနက်တူကွ.
ဆိုပြီး အသံနက်ကြီးနဲ့အော်ပြောတော့...
လာကြည့်နေကြတဲ့ .. သူတွေအားလုံး လန့်ဖြန့် သွားတယ်... ကျွန်တော်ကိုလဲ နည်းနည်းယုံကြည် လာကြတယ်..အဲဒါနဲ့ ကျွန်တော်လဲ...
ငနက်တူ.. မင်း.. ဘာလိုချင်လို့လဲ.. ဘာဖြစ်လို့ ဒီကောင်မလေးကို ၀င်ပူးရတာလဲ...
ငါ..အမဲသားစားချင်လို့ ၀င်ပူးတာ... ဟီးဟီးးဟီးး
ကဲ အခုကစပြီး ငါအမိန့်ပေးတယ်... မင်း အခုဝင်ပူးနေတဲ့ ကောင်မလေးရဲ့ ခန္ဓာကနေ ချက်ချင်းခွာပေး နောက်တစ်ခါဝင်မပူးစေရ... ဒါအထက်ဆရာကြီးတွေနဲ့ ငါအောင်မြတ်သာရဲ့ အမိန့်ပဲ....ဆိုပြီး ပြောတော့...
ဝင်ပူးနေတဲ့ သရဲက..
အမဲသားစားရမှထွက်မယ်... မစားရရင် မထွက်ဘူး... ဟီးးဟီးးဟားဟာားးဟားးးးး
အဲလိုပြောတဲ့အချိန်..မှာပဲ.. ကျွန်တော်နားထဲမှာ လူလေး ရေတစ်ခွက်တောင်းပြီး အခုမင်းရေးနေတဲ့ စမအက္ခရာ၁၆လုံးကို ၂၄ခေါက်ရွတ်ပြီး အဲဒီရေနဲ့ ဖြန်းလိုက် ဆိုပြီး လာပြောတာကို... ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်....
အဲဒါနဲ့ ကျွန်တော်လဲ .. အိမ်ရှင်တွေဆီက ရေတစ်ခွက်တောင်းပြီး.. နားထဲမှာ လာပြောတဲ့ အတိုင်း ၂၄ခေါက်ရွတ်လိုက်တယ်... ပြီးတော့ အဲဒီရေကို လက်နဲ့စွတ်ပီး ၀င်ပူးနေတဲ့ မိန်းကလေးကို တောက်လိုက်တယ်ဆိုရင်ပဲ..
အားးးးး အမလေးးး ပူတယ်..ပူတယ်..... အားးးးဆိုပြီး အသံနက်ကြီးနဲ့ ထအော်ပါလေရော. ကျွန်တော်လဲ သိလိုက်ပီ.. ဒါကျွန်တော်ဘက်ကို အနိုင်ရလာပီ.... ကျွန်တော်လဲ မထွက်မချင်း ရေစက်လေးနဲ့ တောက်တာ.. ၃ခါမြောက်လဲ ကျရော... အခုချက်ချင်းထွက်ပါ့မယ်ဆိုပြီး... ကတိပေးပြီး ထွက်သွားတယ်.... အိမ်ရှင်တွေ ကတော့ ကျွန်တော့်ကို ကျေးဇူးတင်သလို.. ၀ိုင်းကြည့်နေကြတဲ့ သူတွေကလဲ အံ့သြကုန်တယ်. အဲဒါနဲ့ ကျွန်တော်ကို ဘယ်မှာနေလဲ... ဘယ် ဂိုဏ်းကလဲ စသည်ဖြင့် မေးကြတာပေါ့....
ကျွန်တော်လဲ ပြောပြပြီး.. နေတဲ့ ဇရပ်ကိုပြန်လာတော့.... ဆရာကြီးက ကျွန်တော်ကို အောင်မြတ်သာရေ မင်းကတော့ ဒီမှာငါတို့နေလို့မရအောင် လုပ်လိုက်ပီ...
ဗျာ... ဘာဖြစ်လို့လဲ ဆရာကြီး...
အေး..မင်း အပမှီနေတဲ့ ကောင်မလေးကို ကုပေးခဲ့ တယ်မလား... ဒါကကောင်းတဲ့ လုပ်ရပ်ပဲ.. ဒါပေမယ့် မင်းအကြောင်းကို လူတွေ သိကုန်ပီ.. အခုမင်းက ပညာတတ်စ အဆင့်ပဲ ရှိသေးတယ်.. အခုဝင်ပူးတာကလဲ သရဲအဆင့်နိမ့်သေးတယ် အဲဒါကြောင့် အလွယ်တကူ ကုလို့ရတာ... သူထက် ၀ါရင့်တဲ့ သဘက်ကြီးတွေဆို မင်းမနိုင်သေးဘူး.... အဲတော့ မင်း ပညာကို အရင်ဆုံး တိုးတက်အောင် လေ့ကျင့်ရမယ်... ဒီမှာတော့ နေလို့မရတော့ဘူး... နေရာပြောင်းဖို့ လိုပီ.... နက်ဖြန် မနက်အာရုံတက်တာနဲ့ ငါတို့ တစ်ခြားနေရာ ပြောင်းကြရအောင်.. အဆင်သင့်လုပ်ထား.... လို့ပြောပြီး... ဇရပ်ဘေးက ဘုရားမှာ အဓိဌာန်ဝင်ဖို့ ထွက်သွားပါလေရော... အဲဒါနဲ့ ကျွန်တော်လဲ သိမ်းဆည်းစရာရှိတာ သိမ်းဆည်းပြီး... ကျွန်တော် ဆွဲနေတဲ့ အင်းကွက်ကို ပြန်ဆွဲနေလိုက်တယ်...
မနက်ကျတော့... ကျွန်တော်တို့ ခရီးထွက်ခဲ့ကြတယ်.... နောက်တစ်နေရာက သချိုင်းနားက ဇရပ်ကြီးမှာဗျ... အဲဒီဇရပ်မှာ နေရင်း ကျုပ်ရဲ့ အဆင့်တွေ တိုးတက်အောင် လေ့ကျင့်ရမယ်တဲ့.....
အဲဒီဇရပ်မှာနေတော့ အနှောင့်အယှက်က ၀င်လာပြန်ရော... ညဖက် ၁၆ကွက်အင်း ဆွဲနေတုန်း... အင်းတွေက တဖြတ်ဖြတ်နဲ့ အရောင်တွေထွက်လာတာ...
အဲလိုအရောင်တွေထွက်လာပြီး အင်းစမစာလုံး တွေက အရောင်တွေတောက်ပပြီး လေပေါ်ပျံ ၀ဲနေကြတာ.... ပြီးတော့ အားလုံး ရေးထားတဲ့ နေရာကို ပြန်ဝင်သွားကြတာကို ထူးဆန်းစွာ တွေ့လိုက်ရတယ်... အဲဒီအချိန်ပဲ သချိုင်းဘက်ကို ကြည့်လိုက်တာ... ခွေးတစ်ကောင်ဗျာ.... လူကြီးတစ်ယောက် ရင်ဘတ်လောက်ထိ ကြီးတယ်.. အရောင်က အနက်ရောင်ဗျ... အဲဒီခွေးကြီးက ကျွန်တော့်ကိုကြည့်ပြီး မာန်ဖီနေတာ..... ကျွန်တော်လဲ ဆရာကို အားကိုး တပြီးကြည့်လိုက်တော့ ဆရာက တရားထိုင်နေတယ်.... ကျုပ်ဘာလုပ်လို့ ဘာလုပ်ရမှန်းမသိတော့ဘူး...
နောက်ဆုံးဖြစ်ချင်ရာဖြစ်ဆိုပြီး ကျုပ်ရထားတဲ့ သမထအားရယ် အင်းစမတွေရဲ့ အစွမ်းကို အာရုံပြုရင်း.. အဲဒီခွေးရှိတဲ့နေရာကို ကြည့်လိုက်တာ....
အမလေးလေး... ခွေးနက်ကြီးဘေးမှာ ရပ်နေတဲ့ အမျိုးသမီးတစ်ယောက်... ဆံပင်ကြီးဖားလား ချထားတာ.. ဆံပင်တွေက လေထဲမှာ လွင့်နေတယ်....
ကျုပ်အံ့သြသွားတယ်... ကျုပ်အားလုံးကို မြင်နေ ရတယ်... သချိုင်းထဲက ရှိရှိသမျှ အပင်တွေပေါ်မှာ သရဲတစ္ဆေတွေဆို အပြည့်ပဲ... ဒါပေမယ့် တစ်ကောင်မှ အောက်မဆင်းရဲဘူး... အားလုံး ကျုပ်ရှိတဲ့ဘက်ကို ကြည့်နေကြတာ....
အဲဒါနဲ့ ကျုပ်လဲ... စိတ်ထဲကနေ... မေတ္တာပို့ အမျှအတန်းဝေပေးလိုက်တော့... ခုနက မာန်ဖီနေတဲ့ ခွေးနက်ကြီးက မာန်မဖီတော့ဘူး... သူဘေးက အမျိုးသမီးကလဲ.. ကျုပ်ရှိရာဘက်ကို လက်ဆန့်တန်းပြီး တစ်စုံတစ်ခုပြောနေသလိုလို .. အဲလိုပြောနေရင်းနဲ့ တဖြည်းဖြည်းကြီးလာတာ.. အုန်းပင်တစ်ပင် အရပ်လောက်ထိ ကြီးလာတယ်. ကျုပ်လဲ ဇရပ်ပေါ်ကနေ မေတ္တာပဲပို့နေလိုက်တယ်
ခဏနေတော့.. ခွေးနက်ကြီးနဲ့ အဲဒီအမျိုးသမီးကြီး နဲ့ သချိုင်းထဲဝင်သွားတာ တွေ့လိုက်ရတယ်.... ဘာမှတော့ အန္တရာယ်မပြုသွားဘူး... မနက်ကျတော့ ဆရာကြီးကို ဖြစ်ကြောင်းကုန်စင် ပြောပြတော့... ဆရာကြီးက အဲဒါ သချိုင်းတိုင်းကို အပိုင်စားရတဲ့ မဖဲဝါနဲ့ သူသက်တော်စောင့် ခွေးနက်ကြီးပဲ... သူတို့ဒီမှာရှိတယ်ဆိုတဲ့ အကြောင်း အသိလာပေးတာ...လို့ ဆရာကြီးက ပြောတယ်....
ကျွန်တော်တို့လဲ အဲဒီဇရပ်မှာ အချိန်တော်တော်ကြာသွားတယ်....
သမထအားကလဲ ကောင်းလာခဲ့တယ်... အင်းကွက်တွေဆွဲတာလဲ... ၃၂ကွက်ထိ တိုးလာတယ်.... နောက်ဆုံးဗျာ... အဲဒီဇရပ်မှာပဲ အင်းကွက် ၆၂ကွက်ထိ ရလာခဲ့တယ်.... စေတီကတော့ ၅၄ဆူထိ တည်ထားနိုင်ခဲ့တယ်...
သမထအားနဲ့ စမအင်းကွက်တွေရဲ့ အစွမ်းကြောင့်လဲ သာမန်လူတွေ မမြင်နိုင်တဲ့ အရာတွေကို ကျုပ်မြင်လာရတယ်...အဲဒီ သချိုင်းမှာရှိတဲ့ တစ္ဆေသရဲတွေကတော့ ကျုပ်ကို ကောင်းကောင်းသိနေကြပီ.... အန္တရာယ်ပေးဖို့ မပြောနဲ့ ညဖက်....
ကျုပ်တရားထိုင်နေရင်တောင်... အနားကနေ စောင့်ရှောက်ပေးကြတယ်.... နောက်တော့ ဆရာကြီးဆီမှာ ကျွန်တော်ခွင့်တစ်ခုတောင်းခဲ့ တယ်....
ကျွန်တော်ရွာပြန်ချင်တယ်ပေါ့... ကျုပ်ညီမလေးကို ပြုစားခဲ့တဲ့သူကို ကျုပ်ပြန်လက်စားချေချင်တယ်.. ဆိုပြီးတော့ ခွင့်တောင်းတော့ ဆရာကြီးက...
အင်း...လာမည့် တန်ဆောင်မုန်း လဆန်း ၃ရက်နေ့ဆို မင်းငါ့ဆီ ရောက်လာတာ... ၃နှစ် တင်းတင်းပြည့်ခဲ့ပီ... ပညာတွေလဲ တတ်သင့်သလောက် တတ်နေပီ... တော်ရုံ စုန်းတွေ ကဝေတွေကတော့ မင်းကို မယှဉ်နိုင်ဘူး. အေး..အင်းသွားချင်တယ်ဆို သွားပေါ့ကွာ.... ငါလဲ လိုက်လာခဲ့မယ်.... ဆိုပြီးခွင့်ပြုလို့ ကျွန်တော် ဒီရောက်လာတာပဲ...အဘိုးခင်... အဲဒါကတော့ ကျွန်တော့်ဘ၀ ဇာတ်ကြောင်းပဲ...ဆိုပြီးပြောတော့ အဘိုးခင်က .... ဟေ.. ဒါဆို မင်းဆရာလဲ ပါလာ တာပေါ့.. သူက ဘယ်မှာနေခဲ့လဲ.....
သူက ရွာထဲမ၀င်တော့ဘူးတဲ့ ရွာပြင် ဇရပ်မှာပဲ နေနေတယ်.... ဒီည ကျွန်တော် ရွာပြင် ဇရပ်မှာပဲ ညအိပ်မယ်.....အဘိုးခင် ...
ကဲ..အချိန်လဲ လင့်နေပီ.. ကျုပ်ကို ခွင့်ပြုဦး... မနက်ဖြန်မှ အမေ့ဆီ .သွားလိုက်တော့မယ်...
......
အေးအေး... သေချာသတိထားပြီး သွားဦး....
အဘိုးခင်လဲ... ဒေါ်ဘုမ အခြေအနေကို သွားအကဲခတ်လိုက်ဦးမယ်.....
.....
နောက်ပြီး အဘိုးခင်တို့ရွာနားချုပ်စပ်မှာ... ဒေါ်ဘုမထက် ပိုတော်တဲ့ အောက်လမ်းဆရာ ထပ်ရှိလိမ့်ဦးမယ်....
အဲဒါ... တစ်စုံတစ်ခု ထူးခြားရင်... ကျုပ်ကို ပြောဦး.
ဒီညက နတ်တော်လပြည့်နေ့ ဆိုတော့.... သူတို့ ပျော်မြူး ပညာပြိုင်တဲ့ ကာလပဲ....
ကျုပ်တို့ဒီညတစ်ချက် စောင့်ကြည့်လိုက်မယ်....
အဘိုးခင်လဲ နားတော့လေ.... နောက်မှ ဆုံကြတာပေါ့ ဆိုပြီး ရွာပြင်ဇရပ်က ဆရာကြီးဆီကို ထွက်လာခဲ့လိုက်တယ်..
ညဘက်ရောက်တော့ လုပ်စရာရှိတာ လုပ်ပြီး.. စမအင်းကွက်ထိုင်ဆွဲနေတဲ့အချိန်....
ဟေ့ အောင်မြတ်သာ လာကြည့်စမ်း... ဆိုပြီး ဆရာကြီးခေါ်သံကြောင့် ရေးနေတဲ့ စမအင်းကွက် ကို ဘေးမှာချပြီး ထွက်ကြည့်တော့....
ဟိုမှာတွေ့လား...ကောင်းကင်မှာ ပျံနေတာ... ဟုတ်ကဲ့ တွေ့တယ်ဆရာကြီး... တိမ်တွေကြားထဲ မှာ..ပျံနေတာ ..
အေး..အဲဒါ တိမ်ညွှန့်စားတဲ့ စုန်းပဲကွ....
သူက အဆင့်မြင့်တယ်... တိမ်ညွန့်တွေကို လပြည့်နေ့ ညမှ လိုက်စားတာ....
ဒါပေမယ့် သူက လူတွေကို ဒုက္ခသိပ်မပေးဘူး... သူပညာတိုးတက်အောင်ပဲ လေ့ကျင့်တယ်... ဒါပေမယ့် သူပြုစားပီ ဆိုရင်လဲ တော်ရုံဆရာ.. လက်လန်ပြေးရလောက်တယ်.....
ဒါဆို... ကျွန်တော်တို့ကော.. သူကို နိုင်ပါ့မလား..
ဆိုပြီးမေးတော့... ဆရာကြီးက ..
နိုင်ပါတယ် အောင်မြတ်သာရယ်... ငါမဟုတ်ဘူး မင်းအဆင့်နဲ့တောင် နိုင်တယ်.... ငါတို့က အထက်လမ်းစဉ်ကို ကျင့်ကြံနေတဲ့ သူတွေပဲ... အထက်ဆရာကြီးတွေက အမိန့်ချမှတ်ပြီးသား... မင်းကြိုးစားရင် ကြိုးစားသလောက် အစွမ်းတွေ ရလာမှာပဲ.... ကဲကဲ အိပ်တော့ မနက်ကျရင်... အမေကို သွားကန်တော့ရမယ်လေ....ဆိုပြီး သတိပေးတော့မှ... ကျွန်တော်လဲ အိပ်လိုက်တယ်.
မနက်ကျတော့ အမေရှိရာ သီလရှင်ကျောင်းကို သွားတော့ အမေ တစ်ဖြစ်လဲ ဆရာလေး က ကျွန်တော်ကို တည်ကြည်လေးနက်တဲ့ သြ၀ါဒတွေ ပေးခဲ့တယ်... အမေကတော့ ဒီဘ၀မှာ အေးချမ်းနေပါပီတဲ့... ဒကာလေးကပဲ.. လူသားတွေရဲ့ အကျိုးကို ဆက်လက်သယ်ပိုးပါဦး. ဆိုပြီး ဆုတောင်းပေးခဲ့တယ်....
အဲဒါနဲ့ ကျုပ်လဲ.. ရှိခိုးကန်တော့ပြီး ဆရာကြီးဆီ ပြန်လာတော့......
ဇရပ်ထိပ်လဲ ရောက်ကော.... ဆရာကြီးက..
အောင်မြတ်သာရေ... ငါတို့အတွက် အလုပ်က ပေါ်ပီ.... ဟိုဘက်ရွာမှာ လူနာ သွားကြည့်ဖို့ မင်း အဘိုးခင်က လာခေါ်ထားတယ်... အဲဒါ သွားကြစို့.ဆိုတော့.. ကျွန်တော်လဲ... ဆရာကြီးအနောက်က လိုက်သွားခဲ့လိုက်တယ်...
သွားနေရင်း ဆရာကြီးက ဒီတစ်ခေါက် လူနာက .. အဘိုးခင်ပြောသလိုဆို ပြုစားခံရတာ သေချာနေပီ . လူနာက မျက်လုံးထဲကနေ သွေးတွေ တစ်စက်ချင်းကျနေတာတဲ့....
ဗျာ... မျက်လုံးထဲကနေ သွေးတွေ ကျနေတယ်.. ထူးဆန်းတယ်နော် ဆရာကြီး.... အေးဟုတ်တယ် အဲဒါ သွေးမျက်ရည်ကျအောင် လုပ်ထားတာ.. ပြုစားထားတာ.. အရမ်းနာကျည်းလို့ လုပ်တယ်ဆို ပိုမှန်မယ်.... ကဲကဲ ဟိုဘက်ရွာကို သွားဖို့.... အဘိုးခင်စောင့်နေပီ... မြန်မြန်လေး.. သွားကြစို့ ဆိုပြီး.. ရွာလယ်က အဘိုးခင်ရဲ့ အိမ်ဝိုင်းရှိရာသို့ ထွက်လာခဲ့လိုက်တော့သည်......
အပိုင်း ( ၅ ) ဆက်လက်ရှုစားပါရန်..
ဇေယန ( ရာမည )

Comments
Post a Comment