ရွှေပြည်တော်သို့အဝင်(အပိုင်း ၁ )
မိုးဖွဲဖွဲလေး.ကျနေတဲ့နေ့တစ်နေ့မှာ အိမ်မှာအနားယူရင်း ဦးနုရေးသားထားတဲ့ မိတ္တဗလဋီကာ စာအုပ်ကို ဖတ်နေမိတယ်။
ထိုအချိန်တွင်..
တီ တီ တီ..
ဟဲလို..
ဟုတ်ကဲ့ ကျွန်တော် ကိုချမ်းပါ
ဘယ်သူလဲမသိ
..
ကျွန်တော့်ကို အကိုသိမယ်တော့မထင်ဘူး
ကျွန်တော်က အကို့စာတွေအမြဲတမ်းဖတ်ဖြစ်ပါတယ်
အခုလဲ ကျွန်တော် အဖိုးဖြစ်သူရဲ့ ဒိုင်ယာရီစာအုပ်လေးတစ်အုပ်ရထားလို့ပါ
ကိုချမ်းက ဝတ္တုလေးတွေရေးတယ်ဆိုတော့
ကိုးကားလို့ရအောင် ဒိုင်ယာရီစာအုပ်လေးပေးမလို့ပါ
.....
ဟုတ်ပီလေ အကို
ကျွန်တော် ဘယ်ကိုလာခဲ့ရမလဲ
...
ဒီနေ့လည် ၂နာရီ
မင်းလူ လက်ဖက်ရည်ဆိုင်မှာ ဆုံမယ်လေ
ကျွန်တော်က ဦးထုပ်အနက်ရောင်နဲ့ တီရှပ်အနက် ဝတ်ထားမယ်အကို
...
အိုကေ
ကျွန်တော်လာခဲ့ပါ့မယ်
...
ကျွန်တော်လဲ ဖတ်လက်စာအုပ်ကိုဘေးချပြီး
သူပေးမယ့် ဒိုင်ယာရီထဲက အကြောင်းအရာတွေကို စိတ်ကူးထဲပုံဖော်နေမိတယ်
...
နေ့လည်၁နာရီခွဲမှာ မိုးကားအင်္ကျီဝတ်ပြီး မြို့ထဲက မင်းလူလက်ဖက်ရည်ဆိုင်ကို ထွက်လာခဲ့လိုက်တယ်။
...
ဆိုင်အရှေ့ရောက်တော့..
ကိုချမ်း.. ကျွန်တော်ဒီမှာဆိုပြီး အရင်နှုတ်ဆက်တယ်။
ကျွန်တော်လဲစားပွဲမှာဝင်ထိုင်လိုက်ပီး အကဲခတ်ကြည့်တော့..
လူပုံက.ပိန်ပိန်ပါးပါးပဲ
ကျွန်တော်ထက်တော့ ၂နှစ်လောက်ကြီးမယ့်ပုံစံ
ခေတ်ပညာတတ်တစ်ယောက်ပီပီ
ဝတ်စားထားတာတွေက စမတ်ကျတယ်
ထိုစဉ်..
ကိုချမ်း တစ်ခုခု မှာလေ..
စားပီးမှ စကားဆက်ကြတာပေါ့ဗျာ.
...
ကျွန်တော်လဲ စားပွဲထိုးကောင်လေးကို ခေါ်ပြီး
ညီလေးရေ အကို့ကို ပဲပလာတာတစ်ပွဲပေး..
...
ကဲ အချင်းချင်းမိတ်ဆက်ရအောင်
ကျွန်တော်နာမည်က ငြိမ်းချမ်းကျော်ပါ
ခင်မင်သူတွေက ကိုချမ်းလို့ခေါ်တယ်။
အကိုလဲသိထားပီးပီထင်ပါ့ဗျာလို့ပြောတော့
သူက ရီတယ်
ဟုတ်ကဲ့ ကျွန်တော်နာမည်က ထွန်းတောက်ပါ
ကျွန်တော်က ဆောက်လုပ်ရေးအင်ဂျင်နီယာ တစ်ယောက်ပါ။
အခုလဲ ဒီနယ်မှာတာဝန်ကျနေတာ
လွန်ခဲ့တဲ့ လက အဖိုးဆုံးလို့ ဇာတိမြေကို ပြန်သွာ့း ဖစ်တယ်။
အဖိုးဆုံးတော့ အဖိုးရဲ့ အိပ်ယာအောက်က သေတ္တာထဲကနေ သူရေးထားတဲ့ ဒိုင်ယာရီစာအုပ်တစ်အုပ်ကျွန်တော်ရခဲ့တယ်။
...
တန်ဖိုးမကြီးတဲ့ပစ္စည်းမို့လို့
ကျွန်တော်ယူတာကို ကန့်ကွက်မယ့်သူတော့ မရှိပါဘူးဗျာ
...
အခုကျွန်တော်ပြောချင်တာက
ဒီစာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေပဲ
ဒီစာအုပ်ထဲမှာ အဖိုးကိုယ်တိုင်ရေးထားတဲ့ လက်ရေးမူတွေကြီးပဲ
ဒီစာကိုဖတ်တဲ့အခါ အဖိုးကို စိတ်မနှံ့တဲ့သူလို့ ထင်ကောင်းထင်သွားလိမ့်မယ်။
...
ဒါမယ့် ကျွန်တော်ဖတ်ပီးတဲ့အချိန်မှာတော့
ဒီစာတွေဟာ သာမန်လူတွေအတွက် လုံးဝမဖြစ်နိုင်ဘူးလို့ ထင်ခဲ့မိတယ်။
ကျွန်တော်အဖိုးရဲ့လက်ရေးမူတွေကို ဆရာအနေနဲ့ သေချာထိန်းသိမ်းပေးပါ။
ဒီစာကိုဆရာဖတ်ပြီးတဲ့အခါမှာ ဆရာအတွက် ဝတ္တုကောင်းတစ်ပုဒ်ရလာမှာပါ။
....
ဒီမှာကြည့်ပါဦး
အဖိုးရဲ့ဒိုင်ယာရီဆိုပြီး
လွယ်အိတ်ထဲက စာအုပ်တစ်အုပ်ကို ထုတ်ပြတယ်
...
ကျွန်တော်ယူကြည့်လိုက်တော့
စာအုပ်တစ်အုပ်ဆိုတာထက် ပိုထူနေတယ်
စစ်တောင်းစက္ကူ စာရွက်အချောတွေကို သေချာဖောက်ပြီး စာအုပ်ပုံစံချုပ်ထားတာ။
စာအုပ်ရဲ့အထူက လက်ငါးလုံးလောက်ရှိတယ်။
စာအုပ်ရဲ့အဖုံးကိုတော့ သားရေအပါးသားနဲ့ သေချာချုပ်ထားတယ်။
အဖုံးရဲ့ထိပ်မှာတော့
"ရွှေပြည်တော်သို့အဝင်"ဆိုတဲ့စာလုံးကို ရွှေရောင်ဆေးသားနဲ့ သေချာမှုတ်ထားတာကိုတွေ့ရတယ်။
စာအုပ်ကနှစ်ဘယ်လောက်ကြာနေပီလဲဆိုတာ ခန့်မှန်းရခက်ပြီး စာရွက်တစ်ချို့ဆို အနားသားတွေတောင် ဖွာလန်ကျဲနေတယ်။
....
ကျွန်တော်လဲ စာအုပ်ကိုဘေးချပြီး
ကျေးဇူးပါအကို
ကျွန်တော်သေချာဖတ်ပါ့မယ်
ခုလိုတကူးတက သတိရပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်။
...
ဒါနဲ့ အကိုကအခုဘယ်မှာတာဝန်ကျတာလဲ
ကျွန်တော်က အခု ဒီနယ်ကနေ ပြောင်းရတော့မှာ
ကျွန်တော်အကောင့်က ဆရာဖေ့ဘွတ်မှာရှိနေပါတယ်။
ဒါမယ့် ကျွန်တော်ဘယ်သူဆိုတာ ဆရာမသိပါဘူး
ကျွန်တော်အဖိုးရဲ့ စာအုပ်လေးထဲက အကြောင်းအရာတွေကို အကိုပြန်ရေးမယ့်နေ့ကို စောင့်မျှော်ရင်း ကျွန်တော်ဖတ်ဖို့ စောင့်နေပါ့မယ်။
.....
ကဲ စားလိုက်ပါဦး
ပလာတာတွေအေးကုန်တော့မယ်
....
ကျွန်တော်လဲ စားသောက်ပြီး
သူလဲကျွန်တော့်ကိုနှုတ်ဆက်ကာ
ထွက်ခွာသွားခဲ့တယ်။
....
အိမ်ရောက်တော့ စာအုပ်ကို ဘေးချပြီး
ခေါင်းအုံးတစ်လုံး
ဆေးလိပ်တစ်ဘူး
ပြာခွက်ကိုယူကာ
အိပ်ခန်းထဲသို့ဝင်သွားတဲ့ ကျွန်တော့်ကို.
....
သား ထမင်းမစားတော့ဘူးလား
လက်ထဲက စာအုပ်ကလဲ အထူကြီးပဲ
စာဖတ်မလို့လားဆိုတဲ့ အမေ့စကားကို ကျွန်တော်ခေါင်းပဲငြိမ့်ပြလိုက်တယ်။
....
ကျွန်တော်ထိုစာအုပ်ကို
၁၀ရက်တိတိ ဖတ်ခဲ့ရတယ်
ထိုစာအုပ်ထဲမှာရေးထားတာတွေက ဝတ္တုတစ်ပုဒ်လို့ပြောရမှာထက် ပိုပါတယ်။
ထိုစာအုပ်ထဲမှာပါတဲ့ လူကိုလဲ ကျွန်တော်တစ်ခေါက်တွေ့ခွင့်ရရင်သေပျော်ပါပီ။
ထိုစာအုပ်ထဲမှာ
နာကျဉ်းချက်တွေပါတယ်။
အနှိမ်ခံဘဝတွေပါတယ်။
ရက်စက်မှုတွေပါတယ်။
အံ့သြမှုတွေပါတယ်။
ထူးဆန်းမှုတွေပါတယ်။
မယုံနိုင်လောက်တဲ့ တန်ခိုးအစွမ်းတွေပါတယ်။
ကျင့်ကြံအားထုတ်မှုတွေပါတယ်။
......
ထို့ကြောင့် ကျွန်တော်လဲ
ဒိုင်ယာရီစာအုပ်ထဲကအတိုင်း
တစ်လုံးတစ်ပါဒမှ မလွဲချော်ပဲ
ပြန်လည်ရေးသားဖော်ပြလိုက်ပါတော့သည်။
ဝတ္တုရဲ့အမည်ကိုလဲ မူရင်းဒိုင်ယာရီစာအုပ်ထဲကအတိုင်း "ရွှေပြည်တော်သို့အဝင်"လို့ရေးသားလိုက်ရပါသည်။
..........
..........
ကျွန်ုပ်သည်ငယ်စဉ်ကတည်းက ဝန်ထမ်းမိသားစုမှ မွေးဖွားလာသူတစ်ဦးဖြစ်ရာ ကျွန်ုပ်တက္ကသိုလ်ကနေဘွဲ့ရပြီးနောက်ပိုင်းမှာလဲ မိဘဖြစ်သူတွေရဲ့ ဝန်ထမ်းအစဉ်းအဆက်ကိုထိန်းသိမ်းခဲ့ရသည်။
အကျဉ်းဦးစီးဌာနမှာ တာဝန်ထမ်းဆောင်ရင်း မြန်မာနိုင်ငံနေရာအနှံ့အပြားကိုရောက်ရှိခဲ့သည်။
ထိုသို့တာဝန်ထမ်းဆောင်နေစဉ် သရက်ကလေးထောင်မှာ တာဝန်ကျရာအချိန်မှစ၍ လူထူးဆန်းလေး တစ်ဦးကိုသတိထားမိလာခဲ့သည်။
ထိုသူငယ်လေးက လူသတ်မှုဖြင့် ထောင်ထဲရောက်လာခဲ့သူတစ်ဦးလဲဖြစ်တယ်။
သူ့နာမည်က ဒီပ
အသက်က၁၂နှစ်အရွယ်ပဲရှိသေးတယ်
သူ့ကိုစတင်သတိထားမိတာကတော့ သူကအနေအေးတယ်။ တစ်ခြားကလေးတွေလို ဆော့ကစားခြင်းမပြုပဲ တစ်ဦးထဲနေခြင်းပဲ။
တစ်ခါတစ်ရံ သစ်ရွက်ကလေးတွေကို လက်ဟန်ခြေဟန်နဲ့ပင့်လိုက်ရုံဖြင့် သစ်ရွက်ကလေးတွေက လေပေါ်ကြွတက်တာတာကို ထူးဆန်းစွာတွေ့ရခဲ့တယ်။
ကျွန်ုပ်လဲ သူ့အမှုတွဲဖိုင်ကို အမှုတွဲကိုင်ထောင်စာရေးဆီက တောင်းကြည့်တော့..
သူ့မှာမိဘတွေမရှိတော့ဘူး
သူငယ်စဉ်ကဆုံးပါးသွားပီး ဦးလေးဖြစ်သူရဲ့ မွေးစားခြင်းကိုခံခဲ့ရတယ်။
သူ့အသက်၁၁နှစ်အရွယ်မှာ သူ့နဲ့ရွယ်တူကောင်လေးတစ်ယောက်ကို သတ်ခဲ့တယ်ဆိုတဲ့ ပြစ်ချက်နဲ့ ထောင်ထဲရောက်လာခဲ့တယ်လို့ မှတ်တမ်းမှာတွေ့ရတယ်။
ဒီလိုနဲ့ သူ့နာမည်ကို ကျွန်ုပ်မှတ်မှတ်ရရရှိနေခဲ့သည်
ကျွန်ုပ်လဲ ရာထူးတိုးပြီး တစ်ခြားနယ်သို့ရောက်ရှိခဲ့ရာ သူနဲ့အဆက်အသွယ်ပြတ်ခဲ့ရတယ်။
တစ်နေ့မှာတော့ သူနဲ့ရေစက်ပါလို့လား မသိဘူး
ကျွန်ုပ်တာဝန်ကျရာထောင်သို့ သူပြောင်းလာခဲ့ရတယ်။
အဲဒီအချိန်မှာ သူက အသက်၁၆နှစ်ထဲရောက်နေပီ။
အသက်၁၆နှစ်မပြည့်သေးခင်ထိ သရက်ထောင်ထဲမှာနေခဲ့ရပြီး အသက်၁၆နှစ်ထဲရောက်လာရင်တော့ လူကြီးတွေရှိရာ.ထောင်သို့ပြောင်းရွှေ့လာရခြင်း ဖြစ်ပေသည်။
ကျွန်ုပ်လဲ သူ့ကိုခေါ်တွေ့ပြီး လွတ်ရက်ကိုကြည့်လိုက်ရာ နောက်နှစ်တွင် သူလွတ်တော့မည်ကို သိရှိရ၍ ကျွန်ုပ်အနားတွင် တောက်တိုမယ်ရ အလုပ်များလုပ်ကိုင်ရန်အလို့ငှါ ခေါ်ထားခဲ့လိုက်သည်။
မောင်ဒီပ က အနေအေးတယ်။
မဟုတ်မခံစိတ်ရှိတယ်။
ဥာဏ်ကောင်းတယ်။
တစ်ခါတစ်လေ တစ်ယောက်ထဲထိုင်ပြီး တစ်စုံတစ်ယောက်နဲ့ စကားပြောနေသလို ထူးဆန်းစွာမြင်တွေ့ရတယ်။
တစ်ညမှာ ကျွန်ုပ်အိပ်မပျော်၍ အိပ်ခန်းတံခါးကို ဖွင့်ပြီး ရောက်တတ်ရာရာတွေးနေစဉ် ...
ဆရာ.. ကျွန်တော်ဒီပပါ
ဆရာကို စကားပြောချင်လို့ပါ
အေး ဝင်ခဲ့လေကွာ
ဆရာ ကျွန်တော်ဒီကနေမကြာခင်.ထွက်သွားရတော့မယ်။
ဟေ. မင်းလွတ်ဖို့က ကျန်သေးတယ်လေ
ဘယ်လိုထွက်သွားမှာလဲ
ကျွန်တော်မကြာခင်လွတ်တော့မယ်လို့ လာပြောလို့ပါဆရာ
မင်းကို ဘယ်သူကလာပြောတာလဲကွ
ကျွန်တော့်ကိုဘယ်သူလာပြောလဲဆိုတာ ဆရာနောက်တော့သိရမှာပါ
ကျွန်တော်ဒီကထွက်သွားပြီးရင် ဆရာ ကျွန်တော့်ကို အပြင်မှာမြင်တွေ့ရဖို့ ခက်သွားပီ
ကျွန်တော်ဆရာ့ဆီကို မကြာမကြာလာခဲ့ပါ့မယ်
ဒီအတောအတွင်း.ဆရာကျေးဇူးကြောင့် ကောင်းကောင်းမွန်မွန်နေခဲ့ရပါတယ်။
ဆရာရဲ့ကိုယ်ကျင့်တရားကောင်းတာကိုလဲ အသိအမှတ်ပြုပါတယ်။
ကျွန်တော်လူသားတွေရဲ့ အကျိုးကိုဆောင်ယူပြီးတဲ့အခါ ဆရာဆီပြန်လာခဲ့ပါမယ်။ပြန်ခွင့်ပြုပါဦးဆရာလို့ပြောပြီး ပြန်ထွက်သွားတဲ့ ဒီပကို ကျွန်ုပ်ကြည့်ပြီး ဒီကောင်ဘာတွေလာပြောနေလဲဆိုပြီး တွေးမိသေးတယ်။
ဒါမယ့်အဲဒီအတွေးက နောက်နှစ်ရက်မှာအဆုံးသတ်ခဲ့ရတယ်။
နိုင်ငံတော်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ဒီပ ပါလာခဲ့တယ်။
ကျွန်ုပ်ခဗျာ အံ့သြခြင်း၊ ဝမ်းသာခြင်းတွေနဲ့ ဒီပကို ထောင်ဘူးဝထိ လိုက်နှုတ်ဆက်ခဲ့တယ်။
ထောင်အဝရောက်တော့..
ဆရာကျွန်တော်သွားပီနော်
ကံမကုန်ရင်ပြန်ဆုံကြတာပေါ့ဆိုတဲ့ စကားလေးတစ်ခွန်းကိုပဲ ကျွန်ုပ်ရလိုက်တယ်။
ဒီလိုနဲ့နှစ်ကာလတွေတစ်ရွေ့ရွေ့ကုန်ဆုံးခဲ့ပြီး ကျွန်ုပ်တောင်ပင်စင်ယူချိန်နီးလာခဲ့တယ်။
ဒီပ အကြောင်း.ရလိုရငြားစုံစမ်းတော့လဲ
သတင်းအစအနမရ။
ဒီပနဲ့ကျွန်ုပ်မတွေ့တာ နှစ်ပေါင်း၂၀နီးပါးရှိခဲ့ပြီ။
မှတ်မှတ်ရရ
၁၉၈၀ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ညမှာ ဒီပကို ကျွန်ုပ်ပြန်တွေ့ခဲ့ရတယ်။
ကျွန်ုပ်တွေ့ခဲ့တာက အိမ်မက်ထဲမှာ
ဒီပက လွန်ခဲ့တဲ့နှစ်၂၀လောက်ကပုံစံပဲ
မပြောင်းလဲဘူး။
ပြောင်းလဲသွားတာက ဝတ်ပုံစားပုံပဲ
အရင်လိုပေစုတ်စုတ်အဝတ်အစားမျိုးမဟုတ်ပဲ
အနောက်တိုင်းဝတ်စုံကိုကျနစွာဝတ်ဆင်ပြီး ကျွန်ုပ်ဆီလာခဲ့တာ။
ကျွန်ုပ်ကိုတွေ့တော့..
ဟိုင်း.. ဆရာကြီး
နေကောင်းတယ်မလား
မင်း မင်း ဒီပမဟုတ်လား
မင်းဘယ်လိုဖြစ်ပြီး ပြောင်းလဲသွားတာလဲ
ကျွန်တော် ရိုးရိုးဒီပမဟုတ်တော့ဘူး
မဟာဒီပဖြစ်သွားပီဗျ
ဘယ်လိုဖြစ်လဲဆရာကြီးသိချင်နေတယ်မလား
လွန်ခဲ့တဲ့နှစ်၂၀လုံး ကျွန်ုပ်ဘာတွေလုပ်ခဲ့လဲ
ဘာတွေဖြစ်ခဲ့လဲ ဆရာကြီးသိချင်တယ်မလား
ကျွန်ုပ်ငယ်ဘဝကနေ ဒီအချိန်ထိ ဘာတွေဖြစ်ခဲ့လဲဆိုတာ ညတိုင်းဆရာကြီးဆီလာပြောပြမယ်။
ဆရာကြီးအနေနဲ့ ကျွန်တော်ပြောတာတွေကို မှတ်တမ်းရေးထားဖို့တော့လိုမယ်။
ဒါမှသာကျွန်ုပ်ပြောပြတဲ့အချက်တွေကို နောင်လာနောက်သားတွေဖတ်ရှုရပြီး လောကီရေးရာကိစ္စတွေက ဘယ်လောက်ထိပညာသားပါလဲ သိရမှာ
ဟုတ်ပါပီ မောင်ဒီပရယ်
မင်းပြောတဲ့အကြောင်းအရာတွေကို နေ့တိုင်းဒိုင်ယာရီထဲရေးထားပါ့မယ်။ ပြောမှာသာပြောစမ်းပါ
အခုတော့ မပြောသေးဘူး
ဆရာကြီးရဲ့လိပ်ပြာကြိုးကိုလိုက်ရှာနေရလို့ ဒီညနောက်ကျသွားတယ်
ခဏနေအာရုံတက်ချိန်ရောက်တော့မယ်
မနက်ဖြန်ညကျရင်စောစောအိပ်ဗျာ
ကျွန်တော်လာခဲ့မယ်ဆိုပြီး.ဖြတ်ခနဲပျောက်သွားတဲ့အချိန် ကျွန်ုပ်လန့်နိုးလာခဲ့တယ်။
နောက်နေ့ကျတော့
မောင်ဒီပ ပြောသမျှအကြောင်းအရာတွေကိုချရေးဖို့ ဒိုင်ယာရီစာအုပ်ကို ကျွန်ုပ်ကိုယ်တိုင်ပြု လုပ်ခဲ့တယ်။
မောင်ဒီပက ကျွန်ုပ်ထံသို့နေ့စဉ်ညတိုင်းလာရောက်၍ ပြောပြတဲ့အကြောင်းအရာများအား ဤစာအုပ်တွင် ရေးသားထားပါသည်။
အပိုင်း(၂)ဆက်လက်ဖတ်ရှုပါရန်..
ဇေယန(ရာမည)

Comments
Post a Comment